အခန်း ၁၃ ( Z+U )

1.6K 302 39
                                    

Unicode


အလင်းလျော့လာသော ရေနံဆီမီးအိမ််ကို မီးစာထည့်လိုက်ပြီးနောက် ခုတင်အောက်မှ ဆေးသေတ္တာကို ဆွဲယူလိုက်ကာ သူ့့ဘက်ကျောပေးပြီး စာရေးစားပွဲဘေးက ထိုင်ခုံမှာကျုံ့ကျုံ့လေးထိုင်နေတဲ့ သေးငယ်သော ဗမာကောင်လေးထံ သူလျှောက်သွားလိုက်သည်။ အခန်းတွင်း ဟိုဒီဝေ့ဝဲကာ စိတ်ဝင်တစားကြည့်နေတဲ့ကောင်လေးက မျက်တောင်ရှည်တွေကို တဖျတ်ဖျတ်ခတ်ရင်းဖြင့်။
သူစနောက်ချင်လာသည်မို့ အနားကို ဖြေးဖြေးတိုးကပ်သွားပြီးမှ နားသယ်စပ်နားလေးကို ကပ်ကာ

"Oi..."
"ဘုရားရေ..."

လန့်ပြီး ကိုယ်လုံးလေးပါတုန်တက်သွားတဲ့ကောင်လေးက ပြုံးရီချင်နေသည့် သူ့မျက်နှာကို မြင်တော့မှ မကြည်သလို အကြည့်တစ်ချက်ပေးပြီး ခေါင်းပြန်လှည့်သွားသည်။ ရက်အတန်ကြာမှ ပြန်တွေ့ရတဲ့ အချစ်လေးကြောင့် ယိုရှီရိုရဲ့ အပျော်စိတ်တွေက တကယ့်ကို ဖုံးလို့ဖိလို့မရနိုင်ပေ။ သို့သော် သိပ်ပြီး စိတ်အခြေအနေကောင်းပုံမရတဲ့ချမ်းစံမျက်နှာလေးကြောင့် ရီချင်နေသည့်စိတ်ကို မနည်းချိုးနှိမ်လိုက်ကာ ဆေးထည့်ပေးရန် ရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ ထိုင်လိုက်သည်။

"အောက်မှာ မထိုင်ပါနဲ့"
"အရမ်းနာနေ လား?"

အနေခက်သလို မျက်ဝန်းတွေနဲ့ တားမြစ်လာတဲ့ ကောင်လေး စကားကို မကြားဟန်ပြုကာ ဟက်တက်ကွဲသွားသော ခြေမထိပ်နှင့် ဒူးထက်မှ ဒဏ်ရာဒဏ်ချက်တွေကို သူအာရုံစိုက်လိုက်သည်။ ရေပတ်ဝတ်နှင့်သန့်ရှင်းပေးပြီးတာကြောင့် ဒဏ်ရာတွေက ဖြူနုသော ခြေထောက်လေးပေါ်မှာ ရှင်းရှင်းလင်းလင်းပေါ်နေ၏။
ဆေးထည့်ပေးနေစဉ် အလေးအနက်ဖြစ်သွားတဲ့ ယိုရှီရိုမျက်နှာက ရုတ်ချည်းတည်ငြိမ်သွားကာ ဓားနှစ်လက်သဖွယ် မျက်ခုံးတန်းတွေကလဲ အလည်မှာအလိုလိုစုကျုံ့သွားသည်။ တိုစိတ်စိတ်မျက်တောင်ဖျားတွေနှင့် ဖြောင့်စင်းသော နှာတံချွန်ချွန်ကို အပေါ်စီးမှ ငေးရင်းဖိုးလုံးမျက်နှာလေးက တဖြည်းဖြည်းအပူရိပ်တွေတက်လာလေသည်။
ဒါ အရပ်နိမ့်တဲ့သူ တခါမျှ မမြင်ဖူးတဲ့ ဗိုလ်ကြီးကို အပေါ်ကကြည့်ရင် မြင်ရတဲ့ မြင်ကွင်းပေါ့။

ဆာယိုနာရာ ( Sayonara)Dove le storie prendono vita. Scoprilo ora