Spoiler

937 166 23
                                    

Unicode

"ဖြန်း.."

ရိပ်ခနဲမြောက်တက်လာသည့်လက်ဖဝါးတစ်ဖက်ကိုမြင်လိုက်ပြီးနောက် သူ့ခေါင်းတစ်ခုလုံးတစ်ဖက်လည်ထွက်သွားသည်။ ပူထူသွားသော ဘယ်ဘက်ပါးပြင်ထက်က အနာရှိန်ကြောင့်ရုတ်တရက် သတိလွတ်သည့်သူလို ဖိုးလုံးအရုပ်ကြိုးပြတ်ဖြစ်သွားလေ၏။မယုံကြည်နိုင်စွာသူ့အသိစိတ်အာရုံတစ်ခုလုံး ကမောက်ကမဖြစ်ပြီး ရှုပ်ထွေးနေသည်။

ဗိုလ်ကြီးက သူ့ကိုရိုက်လိုက်တယ်?

"(ပါးစပ်ကိုပိတ်ထားလို့ ပြောနေတယ်လေ)"

​အံတင်းတင်းဖိကြိတ်ပြီး ပြောလာသည့် ဗိုလ်ကြီးအသံက တိုးတိုးမျှသာဖြစ်သော်လဲ သူ့နားထဲတော့ ကျယ်လောင်စွာမြည်ဟည်းသွားသည်။ ဘာသာစကားကိုနားမလည်သော်ငြားအသည်းနှလုံးနက်နက်ထိ ဓားတစ်ချောင်းနှယ် စူးနစ်သွားစေသည့် စူးရဲသော မျက်ဝန်းအကြည့်တွေကြောင့် သူတုန်လှုပ်ခြောက်ခြားသွားမိသည်။တစ်စုံတစ်ခုမှားယွင်းနေကြောင်း သူမသိစိတ်က နားလည်နေသည့်တိုင် အသိစိတ်ကလက်မခံနိုင်သေးပေ။ တုန်ယင်စွာ အရှေ့က လူထံလက်လှမ်းလိုက်မိကာ

"ဘာတွေဖြစ်..."

"အဲ့ဒီမျိုးမစစ်ကောင်က ကိုရင်မောင်ဘုန်းကို သတ်ပစ်ခဲ့တာ"

".....ဘာ"

တစ်ဖက်လူထံမရောက်ခင် လေထဲမှာပင် ဖိုးလုံးလက်က ရပ်သွားကာဂျပန်စစ်သားတစ်ယောက်၏စစ်ဖိနပ်အောက်မှာ သွေးအလူးလူးနှင့်ပြားပြားဝပ်နေရသည့် လူထံကို လှည့်ကြည့်မိသည်။ အခုမှရှင်းလင်းပြတ်သားစွာ နားလည်သွားသည်မို့ ရှက်ရွံ့စွာ လက်ပြန်ရုတ်လိုက်ကာ အတော်လှမ်းလှမ်းထိ ဆုတ်လိုက်မိသည်။

နှုတ်ခမ်းထောင့်မှ ပူနွေးမှုကို ခံစားရပြီးနောက် သူသွေးထွက်နေပြီဖြစ်ကြောင်း သိလိုက်သည်။ နာကျင်ကျိန်းစက်လာသော ပါးပြင်ထက် သူ့ရင်ထဲမှာ အတိုင်းအဆမရှိအောင်ပိုနာနေသည်။

တကယ်တော့ သူကအရူးပဲ။ တိုင်းတပါးသားကောင်အတွက် ကိုယ့်တိုင်းပြည်၊ကိုယ့်လူမျိုးကိုတောင် သစ္စာဖောက်ခဲ့သေးတာ။

​တစ်ချိန်က ချစ်မြတ်နိုးစွာ ငေးကြည့်ခဲ့ဖူးတဲ့ မကောင်းဆိုးဝါးလိုမျက်နှာချောချောကို နာကျည်းစွာကြည့်လိုက်မိပြီးနောက် ဖိုးလုံးထံက ရီသံတိုးတိုးထွက်လာသည်။ သိပ်ကို နာကျင်လွန်းတာကြောင့် သူ့အသည်းတွေပေါက်ထွက်တော့မလိုပင်။ အတူရှိဖူးတဲ့အမှတ်တရတွေအားလုံးကတကယ်တော့ အသုံးမဝင်တဲ့အမှိုက်တစသာသာရယ်။ သူဟာလဲ ထိုအမှိုက်စထဲက သေးငယ်သော ဖုန်မှုန့်လေးသာ။

ဆာယိုနာရာ ( Sayonara)Tempat cerita menjadi hidup. Temukan sekarang