အခန်း ၁၁ ( Z+U )

1.3K 282 14
                                    


Unicode

စိုရဲနေသော နှုတ်ခမ်းလွှာတွေကို ငေးကြည့်ရင်း ယိုရှီရိုအသိစိတ်အချို့ဟာ နေမင်းရဲ့နောက်ဆုံးလက်ကျန်အလင်းရောင်သဲ့သဲ့အတူပျောက်ကွယ်လို့သွားတယ်။ သိမ်ကျဉ်းသော ခါးလေးကို တင်းသထက်တင်းအောင် ဖက်လိုက်မိကာ ညို့ယူဖမ်းစားရက်နိုင်လွန်းသော မျက်နှာလှလှလေးထံ တိုးကပ်လိုက်မိစဉ်

"ဟို... ကျွန်တော်ဘာမှမဖြစ်ပါဘူး"

နီးကပ်နေသော မျက်နှာနှစ်ခုရဲ့အကွာအဝေးကိုသတိထားမိသည့်အခိုက် ဖိုးလုံးရင်ထဲ ထိတ်ခနဲဖြစ်သွားကာ ကိုယ်တိုင်မသိလိုက်ခင်မှာပင် တစ်ဖက်လူကိုတွန်းပစ်လိုက်မိသည်။ အားပြင်းသွားတာကြောင့် နောက်ကို အတော်လှမ်းလှမ်းထိ ယိုင်သွားတဲ့ ယိုရှီရိုက ပြူးကျယ်ဝိုင်းစက်နေသော မျက်လုံးတွေနဲ့ ကောင်လေးကို မြင်မှ အသိစိတ်ဝင်လာကာ

"( ချမ်းစံ.... ငါ )"

သူ့ရှေ့ကိုတစ်လှမ်းတိုးလိုက်တိုင်း သွေးပျက်နေတဲ့မျက်ဝန််းဝိုင်းတွေနဲ့ကောင်လေးက နောက်ကိုတစ်လှမ်းဆုတ်လေပါပဲ။ မှောင်ကျလာသော ပတ်ဝန်းကျင်မှာ ပိုးမွှားလေးတွေရဲ့အော်သံတွေက တဖြည်းဖြည်းကျယ်လောင်လာတယ်။ ယိုရှီရိုဟာ အချိန်မရွေး ဒီမိုင်းဗုံးငယ်လေးက သူ့ကိုတစစီ ဖောက်ခွဲပစ်လိုက်တော့မလို ခံစားနေရပြီး ကြောက်ရွံ့ခြင်းတွေနဲ့ တိတ်ဆိတ်သွားမိတယ်။

ကျေးဇူးပြုပြီး .. ကျေးဇူးပြုပြီး .. ငါ့ကိုအဲ့လိုမဆက်ဆံပါနဲ့။

"ကျွန်တော် ...."

အက်ကွဲနေတဲ့ အသံက ဖိုးလုံးလည်ချောင်းထဲက တိုးညှင်းစွာထွက်လာတယ်။ သို့ပေမဲ့ ရှေ့ဆက်တိုးမလာတော့တဲ့ တစ်ဖက်လူရဲ့ တင်းတင်းစေ့ထားတတ်တဲ့ နှုတ်ခမ်းလွှာတွေထံ ဖျတ်ခနဲအကြည့်ရောက်မိသည့်အခိုက် ခြေဖျားလက်ဖျားတွေပါ အေးစက်လို့လာပြီး ဘာစကားမျှဆက်မပြောနိုင်တော့ပေ။

အစောပိုင်းက သူ့နှုတ်ခမ်းတွေနဲ့ ထိတော့မတတ် နီးကပ်လာတဲ့ ဒီနှုတ်ခမ်းတွေ..

"ခွင့်ပြုပါဦး"

ဖိုးလုံး ဝုန်းခနဲ လှည့်ထွက်ပြေးလာခဲ့ကာ နောက်ကို တစ်ချက်ကလေးမှပင် လှည့်မကြည့်ရဲတော့ပေ။ ဖိုးလုံးဟာ မြို့မှာကျောင်းတက်ခဲ့သည့် သူတစ်ယောက်ဖြစ်တာကြောင့် ဒီအပြုအမူက ဘာဆိုတာ ကောင်းမွန်စွာ နားလည်နိုင်နေပြီဖြစ်သည်။

ဆာယိုနာရာ ( Sayonara)Where stories live. Discover now