အပိုင်း ၇( Z+U )

4.7K 654 171
                                    

နွေလယ်နေက ရွာလမ်းမပေါ်ခြစ်ခြစ်တောက် ကျရောက်လို့နေတယ်။တောင်သူအလုပ်သာ အားထားလုပ်ကိုင်ကြတဲ့ ရွာဖြစ်တာကြောင့် ဆိုင်ရာ လယ်ထဲ ကိုယ်စီ၌သာ ယောကျား်သားတို့ရှိပြီး ရွာထဲတွင်တော့ သက်ကြီးရွယ်အိုနှင့် မိန်းမ၊ကလေးငယ်များသာ။

အေးချမ်းတိတ်ဆိတ်တဲ့ ရွာငယ်ဟာ ဘာသာရေးကိုင်းရှိုင်းတာနဲ့အညီ ခေတ်ဆိုးခေတ်ပျက်ကြီးမှာတောင်မှ ဖရိုဖရဲဖြစ်ခြင်းအလျဉ်းမရှိ။ယခင့်ယခင် တုန်းကအတိုင်းသာ အေးအေးဆေးဆေး နိစ္စဓူဝအတိုင်း လည်ပတ်နေတယ်..

ရွာလယ်က ဖိုးလုံးတို့ပျဉ်ထောင်လုံးချင်းလေးက လွဲရင်ပေါ့...

" ကြက်ဥကြီးပဲလား?"

ကျောက်စည်ထဲရေဖြည့်၊ထင်းပေါက်စလေးတွေကို မနိုင့်တနိုင်ခွဲပြီး အိမ်ပေါ်တက်လာတဲ့ ဖိုးလုံးလေးက သစ်သားစားပွဲဝိုင်းပေါ်က ကြက်ဥဆီပြန်တစ်ခွက်နဲ့ အတို့အမြုပ်ပန်းကန်တွေကို မြင်တော့ ပြိုတော့မည့်မိုးနှယ်။ကြက်ဥချည်းပဲ လေးရက်ဆက်လာတော့လဲ ရွှေထီးဆောင်းခဲ့တဲ့ သူဌေးသားလေးခမျာ ရွှေစိတ်တော်ညိုးလေပြီပေါ့...

"ဒီရက်ပိုင်းတော့ ဒါလေးနဲ့ပဲ ကြိတ်မှိတ်စားပေါ့။လူလေးရယ်...နောက်ရက်မှ အမေ ကြီးဒေါ်အုန်းဆီက ကြက်သား ဝယ်ကျွေးမယ်"

နောက်ဖေးမှ လက်နှီးစုတ်နှစ်ဖက်နှင့် ထမင်းအိုးမလာတဲ့ ဒေါ်စိန်ပွင့်က ချော့ပြောလေး ပြောပြီးကာမှ ငိုချတော့မလို သားငယ်လေးမျက်နှာကို မြင်တော့ စိတ်ကမကောင်းလှ။ကိုယ်တွေငယ်စဉ်က ပြည့်စုံခဲ့တယ်ဆိုပေမဲ့ တောနေတောစားနေဖူးသူတွေမို့ အခက်မတွေ့လှသော်ငြား အင်္ဂလိပ်ကျောင်းတက်ပြီး ရွှေပေါ်မြတင် ဖူးဖူးမှုတ်ခံထားခဲ့ရတဲ့ သားငယ်လေးအနေနဲ့တော့ အခက်တွေ့ရှာမှာ...

"မင့်အကိုကြီးသိမ်းထားတဲ့ ငါးရံ့ခြောက်ဖုတ်တော့ ရှိသေးတယ်။ထမင်းဆီဆမ်းလေးနဲ့ စားမလား?"

စိတ်မကောင်းတဲ့အဆုံး ဧည့်သည်ဆောင်သည်လာရင် ဧည့်ခံဖို့အလို့ငှာ သိမ်းထားတဲ့ ငါးခြောက်ကိုပဲ ထုတ်ကျွေးရန် ဆုံးဖြတ်လိုက်တယ်။အသက်ကြီးမှ ရတဲ့ သားထွေးလေးမို့ မျက်နှာလေးပင် မညိုးစေချင်ပါလေ။

ဆာယိုနာရာ ( Sayonara)Where stories live. Discover now