အမှာစာ

7.6K 530 37
                                    

(Unicode)

"BTS Make Happy Times"

က​တော့ ARMY လေးများ၏ အချစ်တော် BTS ၇ ယောက်က ပါဝင်အားဖြည့်ပေးထား​သော တကွက်စာ ဟာသလေးများဖြင့် စာဖတ်​သူများကို ဟာဒယရွှင်​ဆေးတိုက်​ကျွေးခဲ့သည့်​BTS Make Me Smile ဆိုတဲ့ ဟာသ​ပေါင်းချူ ပ်​စာအုပ်​လေးရဲ့ အဆက်​၊ Series 2 လို့ပဲ ဆိုရ​လေမလား Book 2 အဖြစ်​ထပ်​မံ​ရောက်​ရှိလို့ လာခဲ့ပြီဖြစ်​ပါတယ်​။

အခုလို ထပ်​မံ​ရောက်​ရှိလာတာကို​ကျေနပ်​တယ်​ပျော်​သွားတယ်​ဆိုရင်​Vote က​လေး​တွေ Comment​လေး​တွေ မြင်​ပါရ​စေ ... အယ်​လဲ့ 😝😍😍

တကယ်​တော့

Make Me Smile​လေးကို ဖန်​တီးခဲ့တာ ခုလိုလဲ မနှစ်​က April ချိန်​ခါ မှာမို့ အခုဆိုရင်​တော့ တနှစ်​ပြည့်​မြောက်​ခဲ့ပြီ ဖြစ်​ပါတယ်​။

စတင်​ဖန်​တီးချိန်​က​တော့ က​လေး ၇​ယောက်​ကို ချစ်​တဲ့စိတ်​အရင်းခံလို့​ပေါ့​ပေါ့ပါးပါးနဲ့​ပျော်​ပျော်​ရွှင်​ရွှင်​လေး ဖတ်​ရှု​စေလိုတဲ့ စိတ်​သာရှိခဲ့ပြီး ဒီ​လောက်​ထိ အား​ပေးခဲ့ကြလိမ့်​မယ်​လို့ မထင်​မှတ်​ခဲ့မိပါဘူး ။

ဒါ​ပေမဲ့ စာဖတ်​သူ​လေးတို့က vote​တွေ comment​တွေ တပြုံ ကြီးနဲ့ တခဲနက်​အား​ပေးခဲ့ကြသလို BTS Make Me Smile စာအုပ်​လေးအဖြစ်​ထုတ်​ဝေဖြန့်​ဖြူးတဲ့ အခိုက်​မှာလဲ အင်​တိုက်​အားတိုက်​အား​ပေးခဲ့ကြတာကို​တွေ့ရှိခဲ့ရ​တော့ အတိုင်းမသိ ၀မ်းသာကြည်​နူးခဲ့ရပါတယ်​။

ဒါ့​ကြောင့်​လဲ အခုလို Book 2​လေးကို ဆက်​လက်​ဖန်​တီးကြည့်​ဖို့ စိတ်​ကူးခဲ့မိခြင်း​ပဲ ဖြစ်​ပါတယ်​။ အရင်​ကလို အား​ပေးဖို့လဲ​မျှော်​လင့်​မိပါတယ်​။

ဒီ စာအုပ်​အတွင်းမှာလဲပဲ ယခင်​စာအုပ်​နည်းတူ တကွက်​စာဟာသ​လေးများ ပါဝင်​မည်​ဖြစ်​ပြီး ထို ဟာသလေးများက Cuttiehsumindooly ရဲ့ ကိုယ်ပိုင်ဟာသ အတွေးအခေါ်များမဟုတ်ဘဲ ကောင်းနိုးရာရာ ဖတ်ဖူးခဲ့သမျှ ဟာသလေးများကို BTS Version ပြောင်းလျက် Cuttiehsumindooly ရဲ့ အရေးအသားများဖြင့် ပြန်လည် ဆန်းသစ်ကာ ဖော်ပြပေးသွားမည်ပင် ဖြစ်ပါတယ် ။

ထို့အတွက်ကြောင့် ဟာသလေးများရဲ့ ပိုင်ရှင် မူရင်းစာရေးသူ စာပေပညာရှင် ဆရာကြီးများကိုတော့ ထပ်​မံ၍ Crd ပေးအပ်​ပါတယ် ။

BTS Make Happy Times [ Completed ]Where stories live. Discover now