( Main Cast ~ ကင္ထယ္ေယာင္း & ပက္ဂ်ီမင္)
ကင္ထယ္ေယာင္းဆိုေသာ လူငယ္ေလးသည္ လြန္စြာ အားနာတတ္ေလသည္။
တစ္ေန႔ သူငယ္ခ်င္းျဖစ္ေသာ ပက္ဂ်ီမင္နွင့္ ဆံုမိေသာအခါ ထယ္ေယာင္းက သူ႔အိမ္ အတြင္း သူခိုး၀င္ကာပစၥည္းေတြ ခိုးခံလိုက္ရေၾကာင္းကို ေျပာျပေလသည္။
ထိုအခါ ဂ်ီမင္က "ဘယ္အခ်ိန္ခိုးခံရတာလဲ" ဟု ေမး၏။
ေန႔လည္ခင္းျဖစ္ျပီး အိမ္မွာရွိေနေသာ အခ်ိန္က လာခိုးသြားတာဟု ထယ္ေယာင္းက ေျဖေလေတာ့
"ဟင္ မင္းတစ္ေယာက္လံုး ရွိေနတာကို သူခိုးလာခိုးတာေတာင္ မသိလုိက္ဘူးလား" ဟု ထပ္ေမးေလခ်ိန္မွာ ထယ္ေယာင္းျပန္ေျဖတဲ့ စကားၾကားျပီး ဂ်ီမင္ခဗ်ာ ငိုရအခက္ ရယ္ရအခက္ ျဖစ္သြားေလေတာ့သည္။
ထယ္ေယာင္းေျပာလာသည္က
"သူခိုး၀င္လာျပီး ပစၥည္းေတြကုိယူေနတာ ငါျမင္သားပဲ ၊ သူခဗ်ာ မရွိဆင္းရဲလို႔ လာခိုးရွာတာကို ငါ့သိသြားရင္ စိတ္မေကာင္းျဖစ္သြားမွာစိုးလို႔ အားနာျပီး ဆက္အိပ္ခ်င္ေယာင္ေဆာင္ေနလိုက္တာပါ"
ဟူ၍။
The END
Note : အားနာတတ္ရန္ေကာ ထြယ္ထြယ္ေလးရယ္... ဒါဆို ရွင္ေလးကို က်မ လာခိုးရင္ေရာ အားနာျပီး လုိက္လာေပးမွာလားဟင္ အယ္လဲ့ 😬🙄
( Main Cast ~ ကင်ထယ်ယောင်း & ပက်ဂျီမင်)
ကင်ထယ်ယောင်းဆိုသော လူငယ်လေးသည် လွန်စွာ အားနာတတ်လေသည်။
တစ်နေ့ သူငယ်ချင်းဖြစ်သော ပက်ဂျီမင်နှင့် ဆုံမိသောအခါ ထယ်ယောင်းက သူ့အိမ် အတွင်း သူခိုးဝင်ကာပစ္စည်းတွေ ခိုးခံလိုက်ရကြောင်းကို ပြောပြလေသည်။
ထိုအခါ ဂျီမင်က "ဘယ်အချိန်ခိုးခံရတာလဲ" ဟု မေး၏။
နေ့လည်ခင်းဖြစ်ပြီး အိမ်မှာရှိနေသော အချိန်က လာခိုးသွားတာဟု ထယ်ယောင်းက ဖြေလေတော့
"ဟင် မင်းတစ်ယောက်လုံး ရှိနေတာကို သူခိုးလာခိုးတာတောင် မသိလိုက်ဘူးလား" ဟု ထပ်မေးလေချိန်မှာ ထယ်ယောင်းပြန်ဖြေတဲ့ စကားကြားပြီး ဂျီမင်ခဗျာ ငိုရအခက် ရယ်ရအခက် ဖြစ်သွားလေတော့သည်။
ထယ်ယောင်းပြောလာသည်က
"သူခိုးဝင်လာပြီး ပစ္စည်းတွေကိုယူနေတာ ငါမြင်သားပဲ ၊ သူခဗျာ မရှိဆင်းရဲလို့ လာခိုးရှာတာကို ငါ့သိသွားရင် စိတ်မကောင်းဖြစ်သွားမှာစိုးလို့ အားနာပြီး ဆက်အိပ်ချင်ယောင်ဆောင်နေလိုက်တာပါ"
ဟူ၍။
The END
Note : အားနာတတ်ရန်ကော ထွယ်ထွယ်လေးရယ်... ဒါဆို ရှင်လေးကို ကျမ လာခိုးရင်ရော အားနာပြီး လိုက်လာပေးမှာလားဟင် အယ်လဲ့ 😬🙄
YOU ARE READING
BTS Make Happy Times [ Completed ]
Short Story"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အမြဲတမ်း ပြုံးပျော်ရွှင်စေလိုသော ဆန္ဒများဖြင့် ဖွဲ့သီအပ်သော...။