၃၇။ ကြင်နာတတ်သူ (Jimin)
766 158 23
(Main Cast ~ ပက်ဂျီမင်)
The END
လက်ခံလိုက်ပါတော့ 😅😆
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
(Main Cast ~ ပက်ဂျီမင်)
လူတစ်ယောက်ဆီကို ကောင်းကင်ဘုံက နတ်သားဖြစ်တဲ့ ဂျီမင်လေးရောက်လာပီး ယခုလို စကားဆိုပါတယ်။
"မိတ်ဆွေ၊ ဒီနေ့ဟာ မင်းလူ့လောကကို စွန့်ခွာရမယ့်အချိန်ပဲ"
ဒါနဲ့ ယင်းလူသားဟာ "ဟင့်အင်း။ ကျနော် အဆင်သင့်မဖြစ်သေးဘူး" လို့ ပြန်ပြောပါတယ်။
ဒီတော့ ဂျီမင်က "မတတ်နိုင်ဘူး။ မိတ်ဆွေရဲ့ အမည်က ထိပ်ဆုံးမှာပဲလေ" လို့ဆိုပါတယ်။
ဒါကြောင့် လူသားက ဂျီမင်ကို ယခုလို မျက်နှာချိုသွေးပြီး ဧည့်ခံစကား ဆိုပါတယ်။
"ဟုတ်ပြီလေ။ ဒါနဲ့ ခဏစောင့်ပါအုံး။ ထိုင်ခုံမှာ အေးဆေးထိုင်ပါအုံးဗျာ။ လူကြီးမင်းကို ကျနော်ပြုစုချင်သေးလို့ပါ"
ဒါနဲ့ နတ်သား ဂျီမင်းလေးလည်း ထိုင်ခုံမှာထိုင်ပြီး လူသားကျွေးသမျှ မုန့်၊အစားအစာ များကို စားသုံးပါတယ်။ လူသားက အချိုရည်ထဲမှာ အိပ်ဆေးတစ်လုံး ထည့်ထားလိုက်ပါတယ်။ ဒါကြောင့် အိပ်ဆေးမိတဲ့ ဂျီမင်ဟာ အိပ်ပျော်သွားခဲ့ပါတယ်။
ဂျီမင်အိပ်ပျော်သွားတာနဲ့ ချက်ချင်း လူသားက ဂျီမင်ရဲ့ စာအုပ်ကို ယူပြီး သူ့နာမည်ကို ဖျက်လိုက်ပါတယ်။ ပြီးတော့ အောက်ဆုံးမှာသာ ပြန်ထည့်ရေးလိုက် ပါတယ်။
အတန်ကြာသွားပြီးနောက်မှာ ဂျီမင်က အိပ်ယာက နိုးလာပြီး ယခုလို စကားဆိုလိုက်ချိန်မှာတော့ ထိုလူသားခဗျာ မေ့လဲသွားလေတော့တယ်...။
"မိတ်ဆွေဟာ ကျနော့အပေါ် အင်မတန်ကောင်းမွန်တဲ့ လူသားပဲ။
ဒါကြောင့် ကျေးဇူးတင်တဲ့အနေနဲ့ နာမည်စာရင်းကို
အောက်ဆုံးနာမည်ကနေပဲ စကောက်ပါတော့မယ်"
The END
Note : ကြင်နာတတ်သူမို့ ဒီလို အခွင့်ထူးပေးတာနော် ...လက်ခံလိုက်ပါတော့ 😅😆
BTS Make Happy Times [ Completed ]Where stories live. Discover now