The END
( Main Cast ~ ဂျွန်ဟိုဆော့ & မင်ယွန်းဂီ
& ကင်ဆော့ဂျင်)အလယ်တန်းပြဆရာတစ်ယောက်ဖြစ်တဲ့ ဂျွန်ဟိုဆော့ဟာ သမိုင်းဘာသာရပ်ကို သင်ကြားရသူဖြစ်ပြီး တစ်နေ့မှာတော့ စာသင်ချိန်အတွင်း ကမ္ဘာ့သမိုင်းအကြောင်းကို အာပေါင်အာရင်း သန်သန်နဲ့ တပည့်များနားလည် သဘောပေါက် မှတ်မိစေရန် စိတ်ပါလက်ပါနဲ့ ရှင်းပြပေးနေလေတယ်...။
ထိုသို့ ရှင်းပြနေစဉ်မှာပဲ နောက်ဆုံးတန်းမှာ ထိုင်တဲ့ မင်ယွန်းဂီဆိုတဲ့ ကလေးဟာ ရုတ်တရက် ငေါက်ကနဲထကာ အခန်းအပြင်ကို ထွက်သွားလေတယ်...။ ထိုအပြုအမူကြောင့် ဆရာဟိုဆော့မှာ ဒါသူ့အပေါ် မလေးမစား လုပ်တာလားဆိုတဲ့ အတွေးနဲ့ စိတ်ဆိုးသွားတယ်...။
အဲ့အချိန်မှာပဲ ယွန်းဂီဘေးမှာ ထိုင်တဲ့ ဆော့ဂျင်ဆိုတဲ့ကလေးက ဖျန်ဖြေတဲ့ အနေနဲ့ ၀င်ပြောလိုက်တဲ့ စကားကြားပီးနောက်မှာတော့ ထိုစကားကပိုဆိုးသွားတာမို့ ဟိုဆော့ခဗျာ ငိုချင်ရက် လက်တို့ ဖြစ်သွားလေတော့တယ်...။
ဆော့ဂျင် ၀င်ပြောလိုက်သည်က
"စိတ်မဆိုးပါနဲ့ ဆရာရယ်... ယွန်းဂီက အိပ်နေတုန်း လမ်းထလျှောက်တတ်တဲ့ အကျင့်ရှိလို့ပါ" ဟူသတည်း။
The END
Note : ဂီဂီလေးက ဆရာဆော့ဆော့ကို မလေးမစားလုပ်တာ မဟုတ်ရပါဘူး ၊ သမိုင်းချိန်မို့ ဆရာဆော့ဆော့က ချော့သိပ်ပေးနေတာကြောင့် အိပ်ရေးဝအောင် အိပ်နေရှာတာပါ 😅😂
YOU ARE READING
BTS Make Happy Times [ Completed ]
Short Story"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အမြဲတမ်း ပြုံးပျော်ရွှင်စေလိုသော ဆန္ဒများဖြင့် ဖွဲ့သီအပ်သော...။