(Main Cast ~ ကင်ထယ်ယောင်း & ကင်နမ်ဂျွန်း)
ကင်ထယ်ယောင်းဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ သူ့ညာဘက် လက်မောင်း နာနေလို့ ဆရာဝန်နဲ့ ပြကြည့်မယ်ဆိုတော့.. သူ့မိတ်ဆွေဖြစ်သူ ကင်နမ်ဂျွန်းက "အလကား ပိုက်ဆံကုန်အောင်ကွာ.. ကွန်ပျူတာ စက်ကို "ဆီး" အစစ်ခိုင်းပြီး ရောဂါ ရှာလိုက်ရင် ဆယ်စက္ကန့် အတွင်း သိရမယ်.. ပြီးတော့ ၀မ်တစ်သောင်းပဲ ကုန်မယ်" ပြောတော့ စိတ်ဝင်စား ဖြစ်မိတာနဲ့...ဆေးခန်းရှေ့ က ကွန်ပျူတာဆီကို ရောက်သွားမိတယ်...
ရောက် ရောက်ချင်း ကွန်ပျူတာထဲကို တစ်ထောင် ထည့်လိုက်တော့.. ကွန်ပျူတာကဆီကနေ "ဆီး" ထည့်ဖို့ ပုလင်းခွံ တစ်လုံး ထွက်လာတယ်။
"ဆီး" တွေကို ကွန်ပျူတာနဲ့ ချိတ်ထားတဲ့ ခွက်ထဲ လောင်းထည့်လိုက်ပြီး ဆယ်စက္ကန့် အကြာမှာ ကွန်ပျူတာက ဆေးညွှန်းစာရွက် ထုတ်ပေးတယ်...။
" သင့်လက်မောင်း နာနေတယ်.. စိုးရိမ်စရာမရှိ.. ရေနွေးနွေးနဲ့ ကြပ်ပူတိုက်ပေးပါ.. အလေးအပင် မ မပါနဲ့.. တစ်ပတ်အတွင်း ကောင်းသွားမှာပါ..." တဲ့..။
ဆေးစာကို ကြည့်ပြီး ထယ်ယောင်း သူ တော်တော် အံ့သြသွားတယ်..။ ကွန်ပျူတာကို တော်တော်လေးလည်း အထင်ကြီးသွားတယ်...။
အိမ်ပြန်ရောက်တော့ ကွန်ပျူတာကို အရူးလုပ်ချင်တဲ့ စိတ်ကူး ပေါက်သွားတယ်တဲ့...။
ဒါနဲ့.. ပုလင်းလွတ် တခုထဲကို...
၁။ ရေပိုက်ထဲက ရေနည်းနည်းရယ်..
၂။ သူမွေးထားတဲ့ ခွေးလေးဆီက ရှူးရှူးရယ်၃။ သူ့ဆီးထဲမှာ ၀ိုင် နည်းနည်းရောပြီးရယ် ပေါင်းထည့်ထားလိုက်တယ်။
နောက်... ကွန်ပျူတာဆီ ပြန်သွားတယ်..။ အရင်အတိုင်းပဲ ငွေတစ်သောင်း ထည့်လိုက်တော့ ကွန်ပြူတာက စစ်ဆေးတော့တာပဲ...။
အဲ... ဆယ်စက္ကန့်နဲ့ မပြီးဘူးဖြစ်နေ သတဲ့..။ ကွန်ပျူတာ.. ခေါင်းနည်းနည်း စားသွားပုံ ရတယ်..။ အတော်လေး ကြာမှ စာရွက် တစ်ရွက် ထွက်လာတယ်....။
" သင်သိလိုတဲ့ အဖြေအားလုံးကို သိဖို့ ငွေ၂ သောင်း ထပ်ထည့်ပါ.." တဲ့...။
ဟုတ်တယ်လေ... သူ့ဟာက သုံးမျိုး ဖြစ်နေတာကိုး.... ငွေ ၂ သောင်းလဲ ထပ်ထည့်လိုက်ရော..
YOU ARE READING
BTS Make Happy Times [ Completed ]
Conto"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အမြဲတမ်း ပြုံးပျော်ရွှင်စေလိုသော ဆန္ဒများဖြင့် ဖွဲ့သီအပ်သော...။