(Unicode)
ပါဝင်သူများ - ကင်နမ်ဂျွန်း ၊ ကင်ဆော့ဂျင်
ကင်နမ်ဂျွန်း - နာမည်ကြီးအထူးကုဆရာဝန်
ကင်ဆော့ဂျင်- ကင်ကုမ္ပဏီ၏ CEO
တည်နေရာ - ကင်ဆော့ဂျင်မိသားစုပိုင်
"ဆော့ဆော့" အမည်ရှိ အိမ်ဂေဟာ၌:°•:°•:°•:°•:°•:°•:
GODဆေးရုံတွင်အလုပ်လုပ်လျက်ရှိသော ကင်နမ်ဂျွန်းဟူသည့်ဆရာဝန်လေးသည်နာမည်ကျော်ကြား
လူကြိုက်များသော အထူးကုဆရာဝန်တစ်ယောက်ဖြစ်လေ၏။ပညာတော်သလို အရာရာစေ့စပ်သေချာတိကျယုံသာမက ဦးစီးဦးဆောင်ပြုနိုင်စွမ်းကလဲ လွန်စွာရှိလေသည်မို့ ထူးချွန်ထက်မြက်သော လူငယ်တစ်ယောက်ဟု လူတိုင်းက အသိအမှတ်ပြုကြရသည်ဆိုလဲ မမှား။
သို့သော်သူ့တွင်အားနည်းချက်ဟု မဆိုသာသော်လည်း အားနည်းချက်သဖွယ်ဖြစ်နေသည်မှာ ဓာတ်၀င်နေသောလက်ကြောင့်မတော်တဆ ထိမိသမျှ ပစ္စည်းပစ္စယတိုင်းမှာအော်တို ဖျက်စီးသလိုဖြစ်ကာ ပျက်စီးသွားတတ်ခြင်းပင်။
ထို့ကြောင့်လဲ God Of Destruction ဖြစ်နေရှာသော နမ်ဂျွန်းလေးဟု ဆိုရပေမည်။
တစ်နေ့တွင်တော့
CEO ကင်ဆော့ဂျင်၏ Daddy ဖားသား ပါပါး အဖေသည်အသက်ကြီးသူဖြစ်လေသောကြောင့်အခန့်မသင့်လေတော့သွေးတက်ပြီးမေ့လဲလေ၏။
ဒါ့ကြောင့်ကင်မိသားစု၏ ကိုယ်ပိုင်ဆရာဝန်ဖြစ်သော နမ်ဂျွန်းကို အိမ်သို့ အရေးပေါ် ပင့်ဆောင်ကာ ကုသဖို့ ဖိတ်ခေါ်ရလေ၏။
နမ်ဂျွန်းလဲ လူနာရှိရာ အိပ်ခန်းအတွင်း ၀င်ရောက်ကာ သူ့စည်းကမ်းအတိုင်း သူဆေးကုနေစဉ်အတွင်း မည်သူမျှ အခန်းအတွင်း ၀င်မလာရဟု အမိန့်ထုတ်လျက်ဖြင့်လူနာကို ကုသရန်ပြင်လေတော့သည်။
ထိုအခိုက်၀ယ်အပြင်ဧည့်ခန်းအတွင်းဆော့ဂျင်တို့မှာတော့ သတိရမလာသေးသော သူ့Appa ကြီးကို စိုးရိမ်စွာဖြင့်အခြေအနေကိုစောင့်စားလျက်ရှိကြလေသည်။
YOU ARE READING
BTS Make Happy Times [ Completed ]
Short Story"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အမြဲတမ်း ပြုံးပျော်ရွှင်စေလိုသော ဆန္ဒများဖြင့် ဖွဲ့သီအပ်သော...။