Unicode
( Main Cast : ဂျွန်ဟိုဆော့ & မင်ယွန်းဂီ )
ဂျွန်ဟိုဆော့ ဆိုသည့် လူငယ်တစ်ယောက်သည် ဒယ်ဂူမြို့၏ အေးချမ်းသာယာလှပသော ရပ်ကွက်ရှိ သူပိုင်ဆိုင်သည့် နေအိမ်တွင် နေထိုင်လေသည်။ ထိုအိမ်တွင် နေရတာ နှစ်ကြာလာသောအခါ ငြီးငွေ့သယောင် ခံစားလာရသည်မို့ အနှီအိမ်ကို ပြန်ရောင်းရန်တာဝန်ကို ဒယ်ဂူမြို့ရှိ နာမည်ကြီး ပွဲစားဖြစ်သူ မင်ယွန်းဂီ လက်ထဲသို့ ၀ါးကွက်အပ်လိုက်လေသည်။
ထို့ကြောင့် အိမ်ပွဲစား မင်ယွန်းဂီက အိမ်ရောင်းရန်ကြေငြာကို သတင်းစာတွင် ထည့်ပေး လိုက်လေသည်။
နောက်တစ်နေ့မှာတော့ ဟိုဆော့တစ်ယောက် မင်ယွန်းဂီ က သူ့၏ အိမ်ရောင်းထွက်ရန် အတွက် ရေးသားထားသော အိမ်ရောင်းကြေငြာစာကို ဖတ်မိပြီးနောက်မှာတော့ အိမ်ပွဲစားဖြစ်သူ ယွန်းဂီထံသို့ ချက်ချင်းဖုန်းဆက်လိုက်လေသည်။
ထို့နောက် ဟိုဆော့ ပြောလိုက်သည်မှာကား
"ယွန်းဂီရေ... မင်းရေးထားတဲ့ အိမ်ရောင်းကြေငြာစာထဲမှာ ပါတဲ့ ငါ့အိမ်အကြောင်း ဖော်ပြထားတာတွေကို ဖတ်ကြည့်မိတော့ ဒီအိမ်က ငါ့ တစ်သက်လုံး လိုချင်လို့ လိုက်ရှာနေတဲ့ အိမ်မျိုး ဖြစ်နေတယ်ကွာ ၊ ဒါ့ကြောင့် မရောင်းတော့ဘူး" ဟူ၍။
The END
Note : ဘယ်လိုတောင် မဟုတ်မမှန် အမွှန်းတွေတင်ပြီးကြေငြာပေးလိုက်ပါလိမ့်၊ လေးစားတယ်ကွာ အိမ်ပွဲစားကြီး ယွန်းဂီရယ် :P
To ARMY....
"မင်းရဲ့ ချစ်စဖွယ် အပြုံးလေးကို ကိုယ်က နှစ်သက်မြတ်နိုးတယ်ဆိုတာထက်ကို ပိုတယ်ဆိုတာ ယုံပါကွာ..." ။
From Jung Hoseok
A/N ချစ်လေးတို့ရေ .... ဒီဟာသ Book လေးကို စာအုပ်အဖြစ် ထုတ်ဝေပြီးပြီမို့ ဖတ်ပီးသူတွေလဲ ရှိပီဆိုတော့ အကယ်လို့ ထပ်ဖတ်မယ်ဆိုရင် ရသအသစ်ထပ်မံရရှိအောင် ရည်ရွယ်၍ ဇာတ်ကောင်လေးတွေကို စာအုပ်ထဲကနှင့် မတူဘဲ Wp မှာ တင်တဲ့အခါ အနည်းငယ်ချိန်းကာဖြင့် ဖန်တီးပေးတော့မှာပဲ ဖြစ်ပါတယ်.... ဒါ့ကြောင့် စာအုပ်နှင့်မတူတဲ့ အရသာလေးတွေကို ထပ်ခံစားကြည့်ကြပါဦးလို့ ဖိတ်ခေါ်ပါရစေနော်...။
YOU ARE READING
BTS Make Happy Times [ Completed ]
Short Story"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အမြဲတမ်း ပြုံးပျော်ရွှင်စေလိုသော ဆန္ဒများဖြင့် ဖွဲ့သီအပ်သော...။