၁၈။ ဥာဏ်ကြီးရှင်(Minjoon)

1K 208 34
                                    










The END



Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


(Main Cast ~ ကင်နမ်ဂျွန်း & ပတ်ဂျီမင်)

တစ်နေ့တွင် Science ဆရာဖြစ်သူ ကင်နမ်ဂျွန်းက Primary 3 အတန်းထဲတွင် ၈ နှစ်အရွယ်ရှိသည့် သူ့တပည့်များကို စာသင်နေလေသည်။

ဆရာဖြစ်သူ နမ်ဂျွန်းမှာ စာအသင်အပြကောင်းပြီး တော်သော ထက်မြတ်သော ဆရာဖြစ်သည်နှင့်အညီ မိုးရွာလျှင် ဘာ့ကြောင့် လျှပ်စီးလက်ရခြင်းအကြောင်းကို အားပါးတရ သေချာရှင်းလင်းသင်ပြပေးနေချိန်တွင် ပက်ဂျီမင်ဆိုသည့် ကလေးငယ်လေးမှာလဲ ရှေ့ဆုံးတန်းမှ ထိုင်ကာ အားပါးတရ အိပ်ငိုက်နေလေ၏။

ထိုကြောင့် ဆရာ နမ်ဂျွန်းက ဂျီမင်လေးကို နှိုးပြီး စာမေးလေတော့သည်။

"ဂျီမင်....မိုးခြိမ်းရင် လျှပ်စီးလက်တာကို အရင်မြင်ရပြီး အသံကို ဘာလို့ နောက်မှ ကြားရတာလဲ ရှင်းပြပါဦး"

ထိုအခါ ဂျီမင်လေးမှာ ခေါင်းကုတ် ဖင်ကုတ်လုပ်ပြီးနောက် ခပ်တည်တည်ဖြင့် ယခုလိုပဲ ဖြေချလိုက်ရာ တခန်းလုံး အော်ဟစ်ရယ်မောကြရင်း ပွဲကျသွားလေတော့သည်။

ထိုသို့ ရယ်မောကြသူများထဲတွင် ဂျီမင်ဘေးနားမှာ ကပ်လျက်ထိုင်နေသည့် သူ့သူငယ်ချင်း အရင်းခေါက်ခေါက်ဖြစ်သူ ကင်ထယ်ယောင်း၏ ရယ်သံမှာ အကျယ်ဆုံးဖြစ်ခဲ့လေ၏။

အဘယ်ကြောင့်ဆိုသော် ဆရာ နမ်ဂျွန်းမေးသည့်အမေးကို ဂျီမင် ပြန်ဖြေလိုက်လေသည်က

"မိုးခြိမ်းရင် လျှပ်စီးလက်တာကို အရင်မြင်ရပြီး အသံကို ဘာလို့ နောက်မှ ကြားရတာလဲဆိုတော့ မျက်စိက နားထက် ရှေ့နည်းနည်း ပိုရောက်နေလို့ပါ ဆရာ" ဟူ၍။

The END

Note : ဟယ်...တော်လိုက်တာ...ဂျီဂျီလေး ပြောတာလဲ ဟုတ်မှန်နေတာပဲရော :P



ချစ်ဖို့ကောင်းသော ကလေးလေး

BTS Make Happy Times [ Completed ]Where stories live. Discover now