၁၅။ မင်းအလှည့်ရောက်ပြီ(Jinkook)

1.3K 228 32
                                    

(Unicode)

( Main Cast ~ ကင်ဆော့ဂျင် & ဂျွန်ဂျုံးဂု )

၇ နှစ်သားအရွယ်ဖြစ်သည့် ဂျုံးဂုလေးသည် ဘေးအိမ်မှ သူငယ်ချင်းတစ်ယောက်ကို အိမ်သို့ အလည်ခေါ်ပြီး ဆော့ကစားလျက်ရှိလေသည်။

ထိုစဉ် မီးဖိုချောင်ဝယ် ချက်ပြုနေသော အဖေဖြစ်သူ ဆော့ဂျင်မှ

"သားတို့ရေ မီးဖိုချောင် ထဲ လာခဲ့ကြပါဦး" ဟု ခေါ်လိုက်သဖြင့် ဂျုံးဂုလေးမှာ တခုခုစားရတော့မည်ဆိုတာကို သိနေလေတော့ ၀မ်းသာအားရ ပြေးလာလေရှာ၏။

ထိုနောက် ဆော့ဂျင်က ဤသို့ အမေးရှိလေ၏။

"Appa ချက်ထားတဲ့ ခရုစွပ်ပြုတ် ဘယ်သူသောက်မလဲ"

"သားသား သောက်မယ်"....ဂျုံးဂုမှာ သွက်လက်စွာ ဖြေလေသည်။

"အသားဟင်းတွေ ၊ အရွက်ကြော်တွေလဲ ရှိတယ်...ဘယ်သူစားမလဲ"

"သားသား စားမှာပါ" ခပ်မြန်မြန်ဖြေပြန်လေသည်။ ဘေးက သူငယ်ချင်းမှာတော့ ပါးစပ်ဟချိန်တောင် မရပေ။

"ရေခဲမုန့်တွေလဲ ရှိသေးတယ်... ဘယ်သူစားဦးမှာလဲ"

"ဂုဂု လေးပဲ စားလိုက်ပါ့မယ်နော်" ခပ်သွက်သွက်ဖြေပြန်လေသည်။

ထိုအခါ ဆော့ဂျင်မှာ ရယ်လျက်ဖြင့်

"ကဲ ဒါဆို ချက်တုန်းပြုတ်တုန်းက ထွက်လာတဲ့ အမှိုက်တွေကိုရော ဘယ်သူပစ်ပေးမလဲ" ဟု မေးလိုက်တဲ့အခါမှာတော့

ဂျုံးဂုလေးဟာ သူ့ဘေးက သူငယ်ချင်းကို လှမ်းကြည့်ပြီး

"ဟေ့ရောင် ငါကြည်ဖြေနေရတာ...မင်းလဲ တစ်လှည့်ဖြေဦးမှပေါ့" ဟု ပြောလိုက်လေသတည်း။

The END

Note: ခေးယုန်ပေါက်လေးက သိပ်မလည်ရှာပါဘူးနော်....ခ်ခ်

To ARMY

မင်းအပြုံးလောက် နူးညံ့လှပတာမျိုး ကိုယ် မတွေ့ဖူးသေးဘူး အချစ် ....။

(From Jeon Jung Kook )

အားလုံးပဲ ပြုံးပျော်နိုင်ပါစေ 🥰🥰

Cuttiehsumindooly



(Zawgyi)
















The END


To ARMY

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

To ARMY


( From Jeon Jung Kook )


Cuttiehsumindooly

BTS Make Happy Times [ Completed ]Where stories live. Discover now