ဟာသလေး မလာခင် ဦးဆုံး လေအရင်ပေါပါရစေ...တကယ်တော့ ဒီ ဟာသပေါင်းချုပ်လေးကို မြန်မြန် Complete ချင်ပြီမို့ တနေ့တနေ့ ခဏခဏ update နေတာပါ ...ဟီး...😅😁
တခြား Fic တွေလဲ up ပြီး Complete နိုင်အောင် ကြိုးစားတော့မှာပါ...
အခုက BTS 7th Anniversary အထိမ်းအမှတ် Magazine စာအုပ်လေး ပုံနှိပ်တိုက်ကို စာမူပေးဖို့က Deadline ရောက်တော့မှာမို့ လိုအပ်တာလေးတွေ အသည်းအသန် ပြင်ဆင်နေရလို့ ကျန်တာ မup ဖြစ်သေးတာပါ သဲတို့ရယ်...။
တခြား Fic တွေကိုစောင့်နေပေးတဲ့ ချစ်တို့နဲ့ ဒီဟာသလေးတွေကို ပုံမှန် ဖတ်ပေး vote ပေး Comment ပေးနေကြတဲ့ ချစ်လေးတို့ အားလုံးကို ကျေးဇူးတင်ပါတယ်လို့နော်....💜💜💜
ကဲ... let't start it....
--------------*****--------------
( Main Cast ~ ကင်နမ်ဂျွန် & ဘန်းပါးပါး )
ဘန်းပါးပါးတွင် အရမ်း တော်ပြီး ထူးချွန်ထက်မြတ်လိမ်မာသော မြေးငယ်လေး တစ်ယောက်ရှိသည်။ ထိုသူမှာ နမ်ဂျွန်ဆိုသည့် ကလေးငယ်လေးပဲဖြစ်သည်။
တစ်နေ့ မြေးအဘိုးနှစ်ယောက် အတူတူရှိနေရာမှ အဘိုးဖြစ်သူ ဘန်းမှာ နမ်ဂျွန်လေးကို ပဟေဋ္ဌိ လေးတွေ မေးပြီး ကလေးရဲ့ ဖြတ်ထိုးဥာဏ်ကို စမ်းသပ်ကြည့်ရန် စိတ်ကူးလိုက်မိသည်။
ထို့ကြောင့် အောက်ပါအတိုင်း ပဟေဋ္ဌိ အမေးအဖြေလေးတွေ လုပ်လေတော့သည်။
ဘန်း - လူခြောက်ယောက်ကို ခရမ်းချဉ်သီး ငါးလုံးထဲနဲ့ မျှတအောင် ကျွေးဖို့ရာ သားဘယ်လိုလုပ်မလဲ။
နမ်ဂျွန် - လွယ်ပါတယ် ၊ ကျွေးလို့ရအောင် ခရမ်းချဉ်သီးတွေကို ကြိတ်ချေပစ်လိုက်ပါ၊ ပီးတော့မှ မျှတူခွဲပြီး ကျွေးလ်ုက်ပေါ့။
ဘန်း - လူလေးယောက် ထီးတစ်ချောင်းတည်းအောက်မှာ ရှိနေကြတယ်၊ ဒါပေမဲ့ ဘယ်သူမှ ရေမစိုကြဘူး၊ ဘာဖြစ်လို့လဲသားလေး ။
နမ်ဂျွန် - မိုး မရွာလို့ပါ ဘိုးဘိုး။
ဘန်း - ဘာမှမရှိတဲ့သေတ္တာထဲကို ပန်းသီး ဘယ်နှစ်လုံး ထည့်နိုင်မလဲ။
နမ်ဂျွန် - တစ်လုံးပဲပေါ့ ဘိုးဘိုးရဲ့။ အဲ့ဒီတစ်လုံးထည့်ပြီးတဲ့အခါ သေတ္တာက ဘာမှမရှိတဲ့ ဗလာသေတ္တာမှ မဟုတ်တော့တာ ။
YOU ARE READING
BTS Make Happy Times [ Completed ]
Short Story"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အမြဲတမ်း ပြုံးပျော်ရွှင်စေလိုသော ဆန္ဒများဖြင့် ဖွဲ့သီအပ်သော...။