၂၅။ ပိန်နည်းသစ်(BangJoon)

972 200 24
                                    

Zawgyi

(Main Cast ~ ကင်နမ်ဂျွန် & ဘန်းရှိယော့)

ကင်နမ်ဂျွန် ပိုင်ဆိုင်သည့် Company ဖြစ်သော
အိမ်တိုင်ရာရောက်လာ၍ ပိန်အောင်ဆောင်ရွက်ပေး
မည့် "စိတ်ပါလက်ပါပိန်နည်းသစ်" Company သို့ မစ်စတာဘန်းတစ်ယောက် ဖုန်းဆက်၍ သုံးရက် အတွင်း ၁၀ ပေါင် ကျလိုကြောင်း အကြောင်းကြားလိုက်သည်။

နောက်နေ့မနက် တံခါးခေါက်သံကြား၍ ဖွင့်ကြည့်လိုက်သောအခါ အားကစားဝတ်စုံနှင့် ရုပ်ရည်သင့်
တင့်သော အမျိုးသမီးလေးတစ်ဦးကို တွေ့ရသည်။ သူမ၏ လည်ပင်းတွင် ချိတ်ထားသည့် စာတန်းမှာ "မိအောင်ဖမ်း-မိရင်နမ်း" ဟုဖြစ်လေသည်။ ထိုကောင်မလေးနောက်သို့ မိုင်အတော်ကြာပြေးလိုက်ပြီးမှ မှီလေသည်။ သုံးရက်လေ့ကျင့်ခန်းပြီး၍ ပေါင်ချိန်ကြည့်သောအခါ ၁၀ ပေါင်ကျသွားသည်ကို တွေ့ရသည်။

မစ်စတာ ဘန်းတစ်ယောက် သဘောအကျကြီးကျပြီး ၅ ရက်အတွင်း ပေါင် ၂၀ ကျရေးဆောင်ရွက် လိုကြောင်း နမ်ဂျွန်ထံသို့ ဖုန်းဆက်လိုက်ပြန်လေသည်။

ဒီတစ်ခါလာသူမှာ ပိုမိုချောမောလှပသည့် မိန်းကလေးဖြစ်ပြီး ဘောင်းဘီတိုကလေးနှင့် ဖြစ်သည်။ ချိတ်ထားသည့် စာတန်းမှာ မိအောင်ဖမ်း မိရင်နမ်း ပင် ဖြစ်လေသည်။ ဤနည်းဖြင့် ၅ ရက်အတွင်း ပေါင် ၂၀ကျပြန်လေသည်။

မစ်စတာဘန်းတစ်ယောက် အရမ်းတွေသဘောကျနေလေပြီး ပို၍ပို၍ ၀ိတ်ကျချင်လာသည်။ ထို့ကြောင့် ၇ ရက်အတွင်း ပေါင် ၅၀ ကျလိုကြောင်း ဖုံးဆက်လိုက်သည့်အခါ နမ်ဂျွန်

"သေချာရဲ့လားခင်ဗျာ ၊ အဲ့ဒီအစီအစဉ်က အင်မတန်ကြမ်းတမ်းပါတယ်" ဟု ဆိုလာလေသည်။

သို့သော် မစ်စတာဘန်းကတော့ ဂရုမစိုက်ပေ ၊ သေချာပေါက် ၀ိတ်ကျမည့်အရေးလို့ ထင်သည်မို့ ကြမ်းပစေ ဟု ဆိုကာ လက်ခံလိုက်လေသည်။

သို့နှင့် နောက်နေ့ တံခါးလာခေါက်သောအခါ မစ်စတာဘန်းမှာ ၀မ်းသာအားရ ထွက်ကြည့်လိုက်ရာ ပေါင် ၂၀၀ ခန့်ရှိသည့် အမျိုးသားတစ်ယောက် တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထို့အတူ သူ့လည်ပင်းတွင် ချိတ်ဆွဲထားသည့် စာတန်းကို မြင်လိုက်ရချိန်မှာတော့ ဘန်းတစ်ယောက် နေရာတွင် ငုတ်တုတ်မေ့လဲသွားလေတော့သည်။

BTS Make Happy Times [ Completed ]Where stories live. Discover now