(Unicode)
ပါဝင်သူများ -ဂျောင်ဟိုဆော့ ၊ ပတ်ဂျီမင်၊ဂျောင်ဂျုံးဂု
ဂျောင်ဟိုဆော့ -ဂျောင်ဂျုံးဂုလေး၏ ဖခင်။ပျော်ပျော်နေတတ်သူကြီး ။
ပတ်ဂျီမင်-ဂျောင်ဂျုံးဂုလေး၏ ဆရာ ။J & J International School တွင်အကဆရာ အဖြစ်လုပ်ကိုင်နေသော သူလေး ။
ဂျောင်ဂျုံးဂု - ၇ နှစ်သားအရွယ်ချစ်စဖွယ်ကောင်းသည့်သွက်လွန်းထက်လွန်းသော ကလေး ။
တည်နေရာ - J&J School အကသင်ခန်းမ အတွင်း၌ ။
........ ✿✿✿ .........
ပတ်ဂျီမင်းဆိုသည့်Dance Teacherလေးသည်အလွန်သနားကြင်နာတတ်ပြီးစေသနာအပြည့်ရှိသော ဆရာတစ်ဦး ဖြစ်လေသည်။
သူ့တပည့်လေးများပေါ်တွင်လည်း အလွန်ချစ်လေ၏ ။
အထူးသဖြင့်တော့ Primary 2 အတန်းမှ စကားတတ်လွန်းပြီး သွက်လက်ထက်မြတ်သော ဂျုံးဂုလေးကို အချစ်ပိုလေ၏ ။
တစ်နေ့တွင်တော့ ဂျုံးဂုတို့အတန်းကို အကသင်ပေးပြီး Break Time မို့ ခဏ နားနေခိုက်တွင်ဆရာ ပတ်ဂျီမင်တစ်ယောက်ဂျုံးဂုလေးနားသွားကာ ဟိုဟိုဒီဒီမေးရင်း စကားပြောလေ၏ ။
ထိုသို့ပြောနေချိန်၌ချွေးသုတ်နေသော ဂျုံးဂုလေး ၏ လက်ကိုင်ပ၀ါတွင်အထုံးလေး ထုံးထားသည်ကို မြင်မိလေ၏။
ထို့ကြောင့်
"ဂုဂုလေး လက်ကိုင်ပ၀ါမှာ
ဘာလို့ အထုံးလေး ထုံးထားတာလဲဟင်"ဟုမေးလိုက်လေသည်။
ထိုအခါ ဂုဂုလေးက
"အမှတ်အသား သင်္ကေတ လုပ်တဲ့ အနေနဲ့
Appa ထုံးပေးလိုက်တာပါ ၊
ဆရာဂျီဂျီ အတွက်လက်ဆောင်တခု
ပေးခိုင်းလိုက်တာ သားသားပေးဖို့
မမေ့အောင်လို့တဲ့လေ"ဟုဖြေလေ၏ ။
ထိုသို့ကြားတော့ ဂျီမင်လေးမှာ အံအားသင့်စွာဖြင့်
" ဟင်... ဆရာ့အတွက်လက်ဆောင်
ဟုတ်လား ၊ အဲ့ဒါ ဘယ်မှာလဲ ...
ဂုဂုလေး ဆရာ့ကို မပေးရသေးဘူးလေ"
![](https://img.wattpad.com/cover/184518731-288-k878384.jpg)
YOU ARE READING
BTS Make Happy Times [ Completed ]
Short Story"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အမြဲတမ်း ပြုံးပျော်ရွှင်စေလိုသော ဆန္ဒများဖြင့် ဖွဲ့သီအပ်သော...။