The END
( Main Cast ~ ဂျွန်ဟိုဆော့ & ဘန်းပါးပါး )
ဟိုတယ်ရဲ့ စားသောက်ခန်းကြီးထဲမှာ မစ်စတာဘန်းတစ်ယောက် နေ့လည်စာစားဖို့ စောင့်စားနေလေသည်။
ထိုစဉ် အနားမှ ဖြတ်သွားသော ဆိုင်ဝန်ထမ်းလေးဖြစ်သူ ဟိုဆော့ကို လှမ်းခေါ်ကာ ဤသို့ ပြောလိုက်သည်။
"လာပါဦးကွာ ၊ ငါမှာထားတာ အတော့်ကို ကြာနေပြီနော်"
ထိုအခါ ဟိုဆော့က "သည်းခံပြီး စောင့်ပေးပါဦးခင်ဗျာ ၊ စားဖိုမှူးကြီး ကင်ဆော့ဂျင်လဲ လက်မလည်နိုင်လောက်အောင် အလုပ်တွေရှုပ်နေတဲ့ထဲက အမြန်ဆုံး ချက်ပြုတ်ပေးနေပါတယ်ခင်ဗျာ" ဟု ပြန်တောင်းဆိုလိုက်သည်။
အဲ့တော့ စိတ်မရှည်တဲ့ မစ်စတာဘန်းက
"ဒါဆိုလဲ မြန်မဲ့ဟာသာ ယူခဲ့တော့ကွာ မစောင့်နိုင်တော့ဘူး" ဟု ခပ်ပြတ်ပြတ် ပြောလိုက်သည်။
အဲ့အချိန်မှာပဲ ဟိုဆော့ ပြန်ပြောတာကြားပြီး မစ်စတာဘန်းခဗျာ ဘာပြန်ပြောရမှန်းမသိဖြစ်ကာ ထပဲ ပြန်ရတော့မလိုလို ဖြစ်သွားလေတော့သည်။
အဘယ့်ကြောင့်ဆိုသော် ဟိုဆော့ ပြန်ပြောလိုက်သည်က
"အဲ့သလိုဆို ပိုကြာပါလိမ့်မယ် ခဗျာ ၊ ဘာလို့လဲ ဆိုတော့ အားလုံးကလည်း အဲ့အတိုင်း မြန်မဲ့ဟာသာ ယူခဲ့ဆိုပြီး မှာထားကြလို့ပါ" ဟူ၍ ။
The END
Note : စားဖိုးမှူးကြီး Jin က ကွကိုယ်ချက်ပြီး ကွကိုစားပစ်နေလားပဲနော် ..... ဘန်းပါးပါးတစ်ယောက်တော့ နေလည်စာငတ်တော့မယ်နဲ့တူတယ် ခ်ခ်
YOU ARE READING
BTS Make Happy Times [ Completed ]
Short Story"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အမြဲတမ်း ပြုံးပျော်ရွှင်စေလိုသော ဆန္ဒများဖြင့် ဖွဲ့သီအပ်သော...။