The END
( Main Cast ~ ဂျွန်ဂျုံးဂု & ဘန်းပါးပါး )
နာရီမျိုးစုံရောင်းသော စတိုးဆိုင်ကြီး အတွင်းသို့ ဘန်းဆိုသည့် အမျိုးသားတစ်ယောက်ဝင်လာသည်. ဆိုင်အတွင်း လှည့်လည်ကြည့်ပြီးနောက် ဆိုင်ပိုင်ရှင်ဖြစ်သည့် ငွေကောင်တာမှထိုင်နေသော ဂျွန်ဂျုံးဂု ကို ဤသို့ မေးလေသည်။
"နာရီနှိုးစက်ကောင်းကောင်း ရှိလား"
"ရှိပါတယ် ၊ ခေါင်းလောင်းသံ ၊ တေးသံ ၊ ငှက်အော်သံ မျိုးစုံ ရနိုင်ပါတယ်"
"မဖြစ်သေးပါဘူးကွာ ဒါမျိုးတွေ ၀ယ်သုံးတာများပြီ ၊ ဘယ်ဟာမှ ငါ့ကို အိပ်ရာက နိုးအောင် မစွမ်းဆောင်နိုင်ဘူးကွ"
"ဒါဆိုရင် ကျွန်တော့ဆီမှာ နောက်ဆုံးပေါ် အထူးတီထွင်ထားတဲ့ နာရီ တစ်မျိုးရှိပါတယ်"
"ဘယ်လိုနာရီအမျိုးအစားလဲ"
ဟု ဘန်းကမေးလိုက်သဖြင့်
ဂျုံးဂု ပြန်ဖြေလိုက်သည်မှာကား......" ကျွန်တော်တို့ နာရီဟာ သတ်မှတ်ထားတဲ့ အချိန်ရောက်ရင် ပထမဦးဆုံး မီးလှန့်အချက်ပေးသံ မြည်ပါလိမ့်မယ် ။ နောက် အမြှောက်ပစ်သံ ၊ ဗုံးကွဲသံတွေ မြည်ပါတယ်။ ပြီးရင် နာရီက ရေနွေးပူတွေ ပန်းထွက်လာပြီး လူကြီးမင်းကို ပက်ဖျန်းပါလိမ့်မယ်။ အဲဒါမှ မနိုးသေးရင်တော့ နာရီထဲက သံပူလွန်သွားတစ်ခု ထွက်လာပြီး နှိုးဆွပါလိမ့်မယ်။ အဲဒီနောက်မှ လူကြီးမင်း မနိုးသေးရင်တော့ နာရီက အလိုအလျောက် သုဘရာဇာဌာနကို ဖုန်းဆက်ပြီး လူသေအခေါင်းနဲ့ ကားကို မှာပေးနိုင်ပါတယ်။ စိတ်ချလက်ချသာ ၀ယ်သွားနိုင်ပါတယ်ဗျာ" ဟူ၏။
The END
Note : အို ...ဘာတဲ့.... အဲ့လိုနာရီမျိုး ၀ယ်ကြဦးမလား ပျိတ်သက်ကြီး 😅😂
YOU ARE READING
BTS Make Happy Times [ Completed ]
Historia Corta"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အမြဲတမ်း ပြုံးပျော်ရွှင်စေလိုသော ဆန္ဒများဖြင့် ဖွဲ့သီအပ်သော...။