၄၄။ အထင်နဲ့အမြင် (Hope)

745 151 14
                                    

( Main Cast ~ ဂျွန်ဟိုဆော့ )

တစ်နေ့သ၌ လွန်စွာ သဘောကောင်းပြီး ဖြူစင်ရိုးသားသည့် ဂျွန်ဟိုဆော့ဆိုသည့် လူငယ်လေးသည် သူနေထိုင်ရာ ဆိုလ်းမြို့မှ ဂန်ဝန်းဆိုသည့် နယ်မြို့လေးသို့ အလည်သွားလေသည်။

မြို့သို့ရောက်သောအခါ စားသောက်ဆိုင်တခုတွင် နေ့လည်စာ ၀င်စားလေသည်။ ထို့နောက် ပိုက်ဆံရှင်းသော အခါ သူ့တွင်ပါလာသော ငွေအထပ်လိုက်ထည့်ထားသည့် အိတ်ထဲမှ ထုတ်ယူကာ ရှင်းလိုက်လေသည်။

ထိုအချင်းအရာကို သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ခါးပိုက်နှိုက်တစ်ယောက်က မြင်သွားလေသည်။

ထို့ကြောင့် လည်လွန်းလှသော ခါးပိုက်နှိုက်သည် အခြေအနေကြည့်ပီးနောက် ဟိုဆော့ကို အတင်းဝင်ရောကာ မိတ်ဆွေဖွဲ့လေတော့သည်။ ဖြူစင်သော ဟိုဆော့ကတော့ ဘာမှမသိပေ။

နောက်တော့ နှစ်ယောက်အတူတူ ခရီးဆက်သွားရန် ဖြစ်သွားကြလေတော့သည်။ ဟိုဆော့အနေဖြင့် လုပ်စရာရှိသည့် ကိစ္စများလုပ်ပြီးနောက်မှာတော့ ညအိပ်နားနေရန် တည်းခိုခန်းဌားတော့လဲ နှစ်ယောက်တစ်ခန်း အတူပင် ငှားဖြစ်ကြသည်။

ခါးပိုက်နှိုက်ကတော့ ဟိုဆော့အပါးမှ တဖ၀ါးမခွာဘဲ အခြေအနေအချိန်အခါကြည့်ကာ ပိုက်ဆံကို ယူပြေးရန် ကြံစည်နေခြင်းပင်။

အဲ့သလိုကနေ ညနက်လာချိန်မှာတော့ ဟိုဆော့ကတော့ ဘာမှမသိဘဲ ခရီးပန်းလာသည့်ဒဏ်ဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေပြီ ဖြစ်သည်။

ထိုအခါ ခါးပိုက်နှိုက်သည် ဟိုဆော့အိပ်ရာဆီသို့ အသာချဉ်းကပ်ပြီး ဟိုဆော့အိတ်ကို မွှေနှောက်ကာ ပိုက်ဆံထုပ်ကိုရှာလေတော့သည်။

သို့သော် မတွေ့တော့ ။ ခါးပိုက်နှိုက် မျက်လုံးပြူးလေပြီ ။ ဟိုဆော့အိတ်ထဲမတွေ့လေတော့ အိပ်ပျော်နေသည့် ဟိုဆော့ အနီးအနားပါမကျန် ရှာလေ၏။ အကြိမ်ကြိမ်အခါခါရှာပြီးနောက် ခါးပိုက်နှိုက် လက်လျော့ရလေပြီ ။ ထိုငွေထုတ်ဟာ ဘယ်လိုတောင် ပျောက်ချင်းမလှပျောက်သွားလဲ မတွေးတတ်တော့။ မနက်ကျမှပဲ ဟိုဆော့ကို မသိမသာဖြင့် တီးခေါက်ပြီး မေးကြည့်ရန် ကြံလိုက်ပြီးသူ့အိပ်ရာသို့ သူပြန်သွားကာပဲ အိပ်ရလေတော့သည်။

BTS Make Happy Times [ Completed ]Where stories live. Discover now