Zawgyi
( Main Cast ~ မင်ယွန်းဂီ & ကင်ဆော့ဂျင် )
မင်ယွန်းဂီိဆိုသော လူငယ်လေးသည် အရမ်း ကပ်တီးကပ်တတ်နိုင်ကာ တခုခုဆို မကျေမနပ်ဖြင့် ရစ်နေနိုင်လွန်းပြီး စကားပြောလျှင်လည်း တုတ်ထိုးအိုးပေါက် ပြောတတ်လေ၏။ ထိုကောင်လေး ဆိုးသမျှဒဏ်တွေကို အနိုင်စားအခံရဆုံးသူကတော့ သူ့ချစ်သူ ကင်ဆော့ဂျင်ပင် ဖြစ်လေသည်။
နှစ်ယောက်သားမှာ လုံးချင်းအိမ်တစ်ခုငှားကာ အတူတူနေသည်မို့ အချက်အပြုတ်ကျွမ်းကျင်သော ဆော့ဂျင်ကသာ ယွန်းဂီစားဖို့သောက်ဖို့ အကုန်တာဝန်ယူပြင်ဆင်ပေးလေ၏။
သို့သော် ယွန်းဂီ၏ ၀သီအတိုင်း စိတ်ထဲကမပါသော်လည်း အကျင့်အရ တခုခုဆို ချက်ချင်း သဘောမကျနိုင်ဘဲ ကပ်တီးကပ်ဖဲ့က အရင်လုပ်ကာ ပြောတတ်လွန်းတော့ ဆော့ဂျင်ခဗျာ ဘယ်လောက်လုပ်ပေးပေး အကောင်းပြော မခံရပေ ။
ဥပမာအားဖြင့်
ယွန်းဂီ မနက်စာစားရန် ကြက်ဥကို မွှေကြော်ပေးထားသောအခါ
"တလွဲပဲကွာ ၊ ငါက ကျက်နေအောင် ပြုတ်ထားတာမှ ကြိုက်တယ်" ဟုပြောတတ်သည်။
နောက်နေ့မနက် ကြက်ဥ ကို အကျက်ပြုတ်ထားလျှင် ကိုယ်တော်ချောက
"မင်းက ဘာတွေ လုပ်ထားပြန်ပြီလဲ ၊ ငါက ဒီမနက် ကြက်ဥ မွှေကြော် စားချင်လို့ဟေ့" ဟု ဆိုပြန်သည်။
သည်လိုနှင့် တစ်မနက်မှာတော့ ဆော့ဂျင်လဲ အပြစ်ပြောမခံရအောင် ကြက်ဥမွှေကြော် နှင့် ကြက်ဥအကျက်ပြုတ်ကို တစ်ပန်းကန်ထဲမှာ ထည့်ပြီး ချီးမွမ်းခံရမည် အထင်နှင့် စောင့်ကြည့်နေသည်။
ထိုအခါ ထိုပန်းကန်ကို စူးစိုက်ကြည့်ပြီး ယွန်းဂီ ပြောလိုက်သည်မှာကား
"မင်းလည်း သောက်တလွဲထပ်လုပ်ပြန်ပြီ ၊ ငါပြုတ်တာ စားချင်တဲ့အလုံးကို မွှေကြော်လုပ်လိုက်ပြီး မွှေကြော်စားချင်တဲ့ အလုံးကိုတော့ ပြုတ်ပစ်လိုက်တာကိုးကွ" ဟူသတည်း။
The END
Note : ဘာလုပ်လုပ် အပြစ်မလွတ်အောင် ပြောနိုင်တဲ့ စကေးက နည်းလား အချေရယ် ခ်ခ်
YOU ARE READING
BTS Make Happy Times [ Completed ]
Short Story"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အမြဲတမ်း ပြုံးပျော်ရွှင်စေလိုသော ဆန္ဒများဖြင့် ဖွဲ့သီအပ်သော...။