(Main Cast ~ ကင်ထယ်ယောင်း & ဂျွန်ဂျုံးဂု )
ကင်ထယ်ယောင်းဆိုတဲ့ ကောင်လေးဟာ ခွေးအလွန်ချစ်တတ်လေ၏။ ဒါ့ကြောင့်လဲ သူရဲ့ အိမ်မွေးတိရစ္ဆာန်လေး ဖြစ်တဲ့ တန်တန် ဆိုတဲ့ ခွေးလေးကို အရမ်းချစ်လေသည်။ တစ်နေ့တစ်နေ့ ခွေးလေးနဲ့ ဆော့မြူကစား နေတဲ့အချိန်ကသာ များလေသည်..။
ဒါ့ကြောင့်လဲ ထယ်ယောင်းရဲ့ ချစ်သူဖြစ်သူ ဂျုံးဂု မှာ ထယ်ယောင်းက သူ့ထက် ထိုခွေးလေးကိုသာ အချိန်ပြည့်ဂရုစိုက်မှုတွေပေးနေသောကြောင့် တန်တန်လေးကို ဘာရယ်မဟုတ် အမြင်ကပ်နေလေ၏။
ဒါကြောင့် တစ်နေ့ ထယ်ယောင်းအလစ်မှာ တန်တန်ကိုခေါ်သွားပြီး သူ့အိမ်ကနေ လမ်း ၂၀ ကျော်လောက် ဝေးတဲ့နေရာက ပန်းခြံမှာထားခဲ့လေတယ်။
ဒါပေမဲ့ ဂျုံးဂု အိမ်ပြန်ရောက်တဲ့အခါမှာတော့ တန်တန်က ခြံထဲမှာ လျှောက်သွားနေတာကို တွေ့လိုက်ရပါတယ်။
နောက်တစ်နေ့ကျတော့ အိမ်ကနေ လမ်း ၄၀ ကျော်လောက်ဝေးတဲ့ဆီကို သွားပို့ဖို့ ဆုံးဖြတ်လိုက်ပါတယ်... လမ်း ၄၀ လောက်ဝေးတဲ့နေရာမှာ တန်တန်ကို ပစ်ထားခဲ့ပြီး အိမ်ကို ပြန်မောင်းလာခဲ့ပါတယ်...။
သူ့ခြံထဲကားမောင်းဝင်လိုက်တာနဲ့ တန်တန်ကိုတွေ့ရပြန်ပါပြီ...။နောက်ရက်တွေမှာလည်း တန်တန်ကို ပိုဝေးတဲ့နေရာတွေဆီကို သူထပ်သွားပို့ပြန်ပါတယ်... ဒါပေမဲ့ သူအိမ်ပြန်ရောက်တိုင်း တန်တန်ကရောက်နှင့်နေပြီးသားဖြစ်နေပြန်ပါတယ်...
နောက်ဆုံးတော့ မိုင်တော်တော်ဝေးတဲ့အထိ တန်တန်ကိုသွားပစ်မယ်လို့ ဆုံးဖြတ်လိုက်တယ်... ။
ဒါ့ကြောင့် တည့်တည့်မောင်းရာကနေ ညာဘက်ကိုချိုးလိုက်ပါတယ်... ပြီးတော့ ဘယ်ပြန်ကွေ့တယ်... တံတားတစ်စင်းကို ဖြတ်သွားတယ်... ပြီးတော့ ညာဘက်ကိုကွေ့တယ်... ညာနောက်တစ်ခါထပ်ကွေ့တယ်... အဲ့လိုနဲ့ ဘယ်ညာ အပြန်အလှန်ကွေ့ရင်း သူ့အိမ်ကနေ အတော်ခပ်ဝေးဝေးရောက်သွားပြီး အိမ်ပြန်ဖို့ မမှတ်မိနိုင်လောက်တော့ဘူးလို့ထင်ရတဲ့ စိတ်ချရတဲ့နေရာရောက်တဲ့အခါ တန်တန်ကို အဲ့ဒီနေရာမှာ ပစ်ထားခဲ့ပါတယ်...။
YOU ARE READING
BTS Make Happy Times [ Completed ]
Short Story"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အမြဲတမ်း ပြုံးပျော်ရွှင်စေလိုသော ဆန္ဒများဖြင့် ဖွဲ့သီအပ်သော...။