(Uni)
"Newရေ New ဟေ့ကောင် ထစမ်း ခု"
မျက်နှာကိုရေတွေလာစင်မှလန့်နိုးလာသည် မျက်လုံးဖွင့်ကြည့်တော့ ဦးလေးက ရေခွက်ကိုင်ကာမျက်တောင့်နီနှင့်ကြည့်နေသည်
"နာရီကြည့်စမ်း ဒါလူကောင်းတွေထတဲ့အချိန်လား"
လူကအရမ်းအိပ်ချင်နေသော်လည်း ဦးလေးကိုကြောက်၍ မျက်နှာသစ်ကာ Engစာအုပ်ယူ၍ Tay အခန်းသို့သွားလိုက်သည် မောင်မင်းကြီးသားက စားပွဲမှာထိုင်စောင့်နေသည် စာသင်နေသော်လည်း သူရှင်းပြနေသည်များကို ကြားတချက် မကြားတချက် လူကအိပ်ငိုက်နေသည်
"ဟေး ဒီမှာ ကော်ဖီသောက်ထားလိုက် မင်းအိပ်ငိုက်နေပြီ"
လူကခေါင်းမထူချင်အောင်ငိုက်နေပီမို့ မျက်စောင်းထိုးရင်း ကော်ဖီခွက်ကို ကောက်သောက်လိုက်သည်
"ရော့ ဒီမှာစကားလုံးသုံးဆယ်ကို မွနျမာလိုဓိပ်ပါယျပါရေးပေးထားတယျ မနက်ဖြန် အတွဲလိုက် အလွတ်ရအောင်ကျက်ခဲ့"
"ဘာ သုံးဆယ်တောင်"
"အင်းလေ ဘာဖြစ်လို့ သုံးဆယ်ထဲကို"
"မင်း င့ကိုရွဲ့ပြီးခိုင်းနေတာလား"
"မရွဲ့ပါဘူး အကိုတို့ဆရာတုန်းကဆို တခါကျက်ခိုင်းရင် ငါးဆယ်တောင်ကျက်ခိုင်းတာ မင်းမနိုင်မှာစိုးလို့လျှော့ပေးထားတာ"
"ငါမင့်လိုညဏ်မကောင်းဘူး"
"အင်းလေ အ့ကြောင့်တဝက်နီးပါးလျှော့ပေးထားတာပေါ့ ခုနကိုယ်ရှင်းပြတာတွေသေချာနားထောင်ထားရင် မခက်ပါဘူး"
"မကျက်နိုင်ဘူးကွာ အ့လောက်ကြီး"
"ရတယ်လေ မင်းမကျက်နိုင်ဘူးဆိုရင် ဦးလေးသွားပြောပေါ့"
"မင်း မင်းင့ကိုသက်သက်အကျပ်ကိုင်နေတာပဲ"
"No ပါ ဦးလေးခိုင်းတဲ့အတိုင်းငါလုပ်နေတာပါ"
"မင်းနော် မင်း"
မကျေနပ်တဲ့စိတ်တွေကိုမျိုသိပ်ရင်း အံကြိတ်ကာတေးထားလိုက်သည် င့အကြောင်းသိကြသေးတာပေါ့Tayရာ နာရီဝက်လောက် စာကျက်သလိုလိုနဲ့ အကြံထုတ်နေမိသည် ဘယ်လို ပညာပြရင်ကောင်းမလဲ
"Toilet ခနသွားဦးမယ်"
"အခန်းမှာရှိတယ် သွားလေ"
"ငါ သူများအိမ်သာမှာ မသွားတတ်ဘူး"
"ဒါဆိုလဲ အမြန်ပြန်လာခဲ့"
"OK"
YOU ARE READING
💘 ချစ်ခြင်းကို ကျော်လွန်၍ 💘
Fanfictionချစ်ခြင်းထက်ပိုမိုနက်ရှိုင်းသော စိတ်ခံစားမှုတွေနဲ့အတူ လူတစ်ယောက်ကို စွဲလမ်းမိသွားသောအခါ......
