အပိုင်း(၃)

777 56 0
                                        

(Uni)

"မင်းကဘာရယ်တာ"
"မရယ်ပါဘူး"
"အဲ့ဒါ မင်းကြောင့်ဖြစ်တာ"
"ဟမ် ဘာဆိုင်လို့"
"မသိဘူး ဦးလေး အိမ်သာကမထွက်ခင် အခန်းပြန်လစ်တော့မယ် ကိုးနာရီလဲထိုးနေပြီ"
"ဟေ့ မင်းမနက်ဖြန် အိမ်စာပေးထားတာ ရအောင်ကျက်ခဲ့နော်"
"သိပါတယ် ဆရာမလုပ်ပါနဲ့"

        ဪ ခုမှကိုးနာရီကို သုံးမိနစ်တောင်မစွန်းသေးဘူး ဘာမှပြောလို့မရတော့ဘူး ကျတော့ကိုဂျစ်ကန်ကန်ပြောပြီး စာအုပ်ကို လက်ညိုးနဲ့လှည့်ကာထွက်သွားတဲ့ Newကိုကြည့်ပြီးခေါင်းခါမိပြန်သည် ထွက်သွားလို့အပေါက်ဝပဲရောက်သေးသည် အသဲအသန်အခန်းထဲကိုပြန်ပြေးဝင်လာလို့ လန့်သွားသည် ဒင်းက နောက်မှာ ဦးလေး လိုက်လာလို့ ပြန်ပြေးလာတာပဲ

"ဟျောင့် New မင်းမပြေးနဲ့ ခုလာခဲ့စမ်း"
"ဦးလေးကလဲ သားလာတိုက်တာမှမဟုပ်တာ ဦးလေးဘာသာငတ်ကြီးကျပြီးလာသောက်တာကို"
"ဘာ မင်းဘာပြောတယ် လာခဲ့စမ်းပါ ခု သူများထိကုန်မယ်နော်"

        ကျတော့ကိုပတ်ကာပြေးနေတဲ့Newကြောင့် ကျတော်လဲ သူဆွဲရာနောက်ပါရင် ချော်မလဲအောင်မနည်းထိန်းထားရသည် ဦးလေးကတုတ်ကိုင်ရင်း ကျတော့ကိုရိုက်မိမှာစိုးလို့ မရိုက်ပဲ Newကိုခေါ်နေသည်

"New မင်း င့ဒေါသကိုမဆွနဲ့နော် အောင်မလေး ဗိုက်ကနာလာပြန်ပြီ ခွေးကောင် ဘယ်လောက်တောင်ထည့်ထားတာလဲ ဟမ် မင်းလာ မင်း ဒီမှာ ဒူးထောက်နေ ငါမထခိုင်းပဲ ထရဲထကြည့် Tay ဦးလေး မရတော့ဘူး toilet ခနသုံးမယ်နော်"
"ဟုပ်ကဲ့"
"New မင့် ငါပြောတာကြားတယ်နော်"
"ဟုပ်"

         မျက်နှာစူပုပ်ကာ ကျတော့အခန်းထောင့်လေးမှာ ဒူးထောက်နေသော New ကိုကြည့်ပြီး စိတ်ထဲကသဘောကျစွာ ကြိတ်ရယ်နေမိသည် မင်းလည်တာက တစ်ပတ်မှမပြည့်တာ Newရ

*****

        ကတောက်စ်!  ဦးလေးကလဲ အိမ်သာထဲဝင်သွားတာ နာရီဝက်လောက်ရှိပြီ ခုထိထွက်မလာသေး ခြေထောက်တွေလဲညောင်းနေပြီ ထလဲမထရဲ ကြိမ်လုံးစာကြောက်ရသေးသည် အရေးထဲမှာ ဗိုက်ထဲက တဂွီဂွီနဲ့ အသံမြည်နေသည် မနက်တည်းကဘာမှမစားရသေးတာ

*ဟမ် ဒါသက်သက် ငါဗိုက်ဆာနေမှန်းသိလို့ လုပ်ပြနေတာပေါ့လေ Tay မင်း လုပ်ထားဦးပေါ့ကွာ*

💘 ချစ်ခြင်းကို ကျော်လွန်၍ 💘Donde viven las historias. Descúbrelo ahora