(Uni)
ကျတော်တို့ မလျှောက်သင့်တဲ့လမ်းကိုလျှောက်ခဲ့မိပြီ Newက ကျတော့ရင်ခွင်ထဲမှာ အိပ်ပျော်နေသည် ငါတို့ဘယ်လောက်ကြာကြာဒီလိုနေနိုင်ကြမှာလဲ စိတ်အလိုကိုလိုက်မိခဲ့တဲ့အတွက် တနေ့နာကျင်ရမယ်ဆိုတာ ဘာမှကြိုမသိတဲ့ ကလေးတယောက်လိုပါပဲ Newက အခန်းတခန်းငှါးပြီး မွေးနေ့အတွက်စီစဉ်ထားတာမို့ညကို အိမ်မပြန်တော့ပဲ အန်တီမေဆီ စိတ်မပူဖို့ဖုန်းဆက်ပြီး အဲ့မှာပဲ အိပ်လိုက်ကြသည်
*****
"New ထတော့လေ ၇နာရီကြောျနပွေီ"
"ငါအိပ်ချင်သေးတယ် Tayရာ င့ကိုခနလောက်ဖက်ထားပေးဦး"
"အိမ်ကစိတ်ပူနေမယ်လေ Newရာ ထတော့နော်"
"ဆယ်မိနစ်ပဲလေနော် နော်"
"😘"
ခလေးလေးလိုဂျီကျနေတဲ့Newနဖူးလေးကိုငုံ့နမ်းလိုက်ပြီး သူ့ခေါင်းလေးကိုကျတော့လက်မောင်းပေါ်တင်ကာ လှဲလိုက်သည်
"ဆယ်မိနစ်ပဲနော်"
"omm😊"
"New"
"ဟင်"
"တကယ်လို့ ငါတို့ဝေးသွားကြရင် ဘယ်လိုလုပ်မလဲ"
"ဘာ မင်းဘာပြောလိုက်တာလဲ"
"ငါကမေးကြည့်ရုံပါကွ"
ကျတော့မေးခွန်းကြောင့် ရင်ခွင်ထဲကနေ ထဖို့လုပ်နေတဲ့Newကိုပြန်ဆွဲထားရင်း စကားကို ပြင်ပြောလိုက်ရသည်
"မမေးနဲ့ကွာ အ့လိုမေးခွန်းမျိုးတွေ မင်းနဲ့ငါ ချစ်နေသရွေ့ငါတို့ဘယ်တော့မှမဝေးဘူး"
"ဟုပ်ပါပြီ မင်းမကြိုက်ရင် ငါမပြောတော့ပါဘူး"
"င့အပြင်မင်းနောက်တယောက်ထားရင်တော့ သတ်မှာနော် Tay"
"အေးပါကွာ"
ကျတော်သက်ပြင်းတွေခိုးချနေမိသည် ကျတော်တို့အခြေနေက လူကြီးတွေသိရင် ဘယ်လိုမှလက်မခံနိုင်တဲ့အခြေနေတခုလေ ကျတော့ကျေးဇူးရှင်တွေကိုလဲ ကျေးဇူးကန်းသလိုမဖြစ်ချင် ကျတော်တို့အိမ်ပြန်လာတော့ အိမ်မှာမေမေရောက်နေသည် မေမေ့ကိုမြင်တော့ Newက ကျတော့လက်မောင်းကိုချိတ်ထားတဲ့လက်ကိုဖြုတ်ချလိုက်သည်
"ဟော သားတို့ပြန်ရောက်လာပြီလား"
"ဟုပ် မေမေ"
"Tay မေမေ ခနနားချင်လို့ သားအခန်း လိုက်ပို့ပေးနော်"
"ဟုပ် မေမေ လာလေ"
ကျတော်မေမေကိုခေါ်ပြီးအပေါ်ထပ်တက်လာတော့ မေမေအခန်းထဲရောက်တာနဲ့ တံခါးဂျက်ချပြီး
ESTÁS LEYENDO
💘 ချစ်ခြင်းကို ကျော်လွန်၍ 💘
Fanfictionချစ်ခြင်းထက်ပိုမိုနက်ရှိုင်းသော စိတ်ခံစားမှုတွေနဲ့အတူ လူတစ်ယောက်ကို စွဲလမ်းမိသွားသောအခါ......
