အပိုင်း(၁၀)

669 49 2
                                        

(Uni)

"ဘာလဲကွာ ညကမူးပြီး တံခါးဘောင်နဲ့တိုက်မိတာ"
"မဖြစ်နိုင်တာ"
"ဘာကိုလဲ"
"ဘာမှမဟုပ်တော့ဘူး"

       Tayကသူ့အတွေးနဲ့သူ စဉ်းစားရင်း တဖက်လှည့်သွားပြီးမှ ရုတ်တရက် ပြန်လှည့်လာရင်း

"ငါတို့ ညနေပြန်မှာနော် မင်းရေထဲဆင်းချင်ဆင်း ရောက်တည်းကတခါမှမဆင်းရသေးဘူးမလား"
"ဟင် အင်း အင်းပါ"

       အရမ်းကြီးနီးကပ်လာတဲ့ Tayမျက်နှာကိုရင်မဆိုင်ရဲ အထူးသဖြင့် Tayရဲ့နှုတ်ခမ်းတွေကို ကျတော်မကြည့်ရဲပါ Tayက ထထွက်သွားတာကိုငေးကြည့်မိနေတုန်း ကမ်းခြေဘက်ပြေးဆင်းလာတဲ့ ကောင်မလေးတယောက်နဲ့တိုက်မိသွားသည် ကောင်မလေးကအစက ရန်တွေ့မလို့လုပ်ပြီးမှ Tayကိုလဲမြင်ရော ချက်ချင်း ပြုံးသွားကာ ထူပေးနေတဲ့ Tayရင်ခွင်ထဲ ဟန်ဆောင်ကာ ပြစ်ချလိုက်သည်

"ရ ရရဲ့လားဗျ"
"ရပါတယ်ရှင့် ခြေထောက်နဲနဲခေါက်သွားလို့ "
"sorryနော်"
"ဟုပ်"

         ဘာလဲဟ! ဖြည်းဖြည်းလေး တိုက်မိတာကို ရေးကြီးခွင်ကျယ်တွေလုပ်နေတယ် ကြည့်လို့ကိုမရဘူး ဟိုနှာဘူးကောင်ကလဲ ပါးစပ်ထဲယင်ဝင်ဥတော့မယ် ဟွင့်

*****

"ကဲ ပစ္စည်းတွေ စစ်ဦးနော်"
"စစ်ပြီးပြီ Newရော"
"Newကပစ္စည်းတွေတင်ပြီးလို့ ကမ်းခြေကစောင့်နေမယ်ဆိုပြီး ထွက်သွားတာ ကြာပေါ့"
"ဪ"
"P'Tay ကျတော် Pungကားနဲ့လိုက်သွားမယ်နော်"
"အင်း ဒါဆိုသွားရအောင် Ssing"

       Tayနဲ့ Ssing ကားပေါ်တက်ပြီးထွက်လာခဲ့သည် Tayကကမ်းခြေတလျှောက် Newကိုလိုက်ရှာကြည့်နေသည်

"Tay"
"ဟင်"
"Newဘာဖြစ်နေတာလဲ"
"သိဘူးလေ ဘာဖြစ်လို့လဲ"
"မျက်နှာမကြည်လို့"
"ဟုပ်လား သူ့ဘာသာမကြည်စရာရှိလို့နေမှာပေါ့"
"မင်းမနေ့က သူ့ကို နမ်းလိုက်မိလို့များလား"
"ဟင်"
"မင်းနဲနဲမှမမှတ်မိဘူးလား"
"ဟင့်အင် မင်းလဲသိတာပဲ ငါမူးပြီးရင်ဘာမှမမှတ်မိတော့တာ"
"ဟိုမှာ Newမလား ဆင်းခေါ်လိုက်"
"New"

       Newကကားပေါ်တက်လာပြီးတည်းက စကားတခွန်းမှမပြောပဲ မျက်နှာကသုန်မှုန်ပြီး ဘေးပတ်ဝန်းကျင်ကိုပဲ ကြည့်ပြီးလိုက်လာသည်

💘 ချစ်ခြင်းကို ကျော်လွန်၍ 💘Donde viven las historias. Descúbrelo ahora