(Uni)
ကျတော်ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့Tayကို နောက်တကြိမ်ထပ်မဆုံးရှုံးချင်တော့ပါ သူ သင်တန်းပြီးတာနဲ့ ကျတော်သူ့ကို လက်ထပ်ယူတော့မည် ဘယ်သူတွေ ဘာပြောပြောဂရုမစိုက်တော့ပါ ကျတော်တို့ရဲ့အချစ်ကို ကျတော်ကိုယ်တိုင်ပုံဖော်တော့မည် မေမေကလဲ ကျတော့ကို ကန့်ကွက်မည်မဟုပ်တော့ ဒီတခေါက်ပြန်ရောက်ရင် Tayကိုမေမေ့ဆီခေါ်သွားမည် Tayကိုတွေ့ရင် မေမေလဲကျတော့လိုအံသြသွားမယ်ဆိုတာ သေချာသည်
*****
ဦးနဲ့အတူနေခွင့်ရတဲ့အချိန်တွေအေးချမ်းလွန်းနေသည် ဦးက ကျတော့ကိုမေတ္တာစိတ်အပြည့်နဲ့နွေးထွေးစွာ ဆက်ဆံသည် ကျတော်ကြောက်နေမိတာက ကျတော်က ကိုကိုဝင်စားတာမဟုပ်ရင် ဦးကချစ်ပါဦးမလားဆိုတာကိုပါ ကျတော်ဘာမှမတွေးချင်တော့ပါဘူး အတူရှိခွင့်ရတဲ့အချိန်လေး ပျော်နေမိတာပဲသိသည် အိပ်ယာကနိုးတော့ ဦးကိုမတွေ့ပေ အလုပ်ကိစ္စသွားပြီထင်တယ် အိုး ၁၁ နာရီတောင်ကျော်နေပြီ ငါအ့လောက်တောင်အိပ်လိုက်မိတာလားဟ အိပ်ယာက အမြန်ထ မျက်နှာသစ်ပြီး ပြင်းတာနဲ့ အခန်းပြင်ထွက်လာခဲ့သည် ဟိုတယ်မှာ ဟိုဟိုသည်သည်လျှောက်ကြည့်ရင်း အောက်ထပ်ကိုစက်လှေကားနဲ့ဆင်းလာခဲ့သည် လမ်းလျှောက်လာရင်း ကားပါကင်မှာ ဦးနဲ့ မRoseဆင်းလာတာတွေ့လို့ ကားတစီးနောက်မှာ ကွယ်ပြီးပုန်းနေလိုက်သည်"နိုင်လို့လား Rose ပေး ကိုယ်သယ်ခဲ့မယ်"
"ရတယ် New ကွကိုယ်သယ်ခဲ့လိုက်မယ်"
"ရပါတယ် ကျတော့ကိုပေးပါ"
"အ"Roseက ပစ္စည်းတွေကိုအတင်းသယ်ရင်း သူ့ရဲ့ ဂါဝန်ရှည်ကြီးကိုပြန်တက်နင်းမိကာ နောက်ကို ပက်လက်လန်ကျချိန် လက်ထဲကအထုပ်တွေတဖက်နဲ့ကျတော် အမြန်ဖမ်းဆွဲထားလိုက်ရသည် Roseက ကျတော်ရင်ခွင်ထဲကနေ မျက်ဝန်းလဲ့လဲ့တွေနဲ့ပြန်ကြည့်နေတာကို ကျတော် ပြန်ကြောင်ကြည့်နေမိတုန်း ခြေသံကြားလို့ကြည့်လိုက်ရာ
"ဟင် Tay"
ထွက်ပြေးသွားတဲ့ Tayနောက်ကို Roseကိုထားခဲ့ကာ ပြေးလိုက်သွားသည် သူကအမြန်ပြေးတက်သွားပြီး အခန်းထဲကနေ လော့ခ်ချထားလိုက်သည် ကျတော်စိတ်ပူစွာနဲ့ ဟိုတယ်ဝန်ထမ်းလေးကို တံခါးဖွင့်ခိုင်းပြီးဝင်လာတော့ Tayက ကုတင်ထောင့်လေးမှာ ထိုင်ငိုနေသည်
![](https://img.wattpad.com/cover/185769027-288-k223483.jpg)
KAMU SEDANG MEMBACA
💘 ချစ်ခြင်းကို ကျော်လွန်၍ 💘
Fiksi Penggemarချစ်ခြင်းထက်ပိုမိုနက်ရှိုင်းသော စိတ်ခံစားမှုတွေနဲ့အတူ လူတစ်ယောက်ကို စွဲလမ်းမိသွားသောအခါ......