အပိုင်း(၂၁)

621 42 2
                                        

(Uni)

       အေးစက်နေတဲ့ Tayလက်ကလေးကိုသေချာကိုင်ကြည့်ရင်း ဆောက်တည်ရာမဲ့စွာ Earth ကို အော်နှိုးလိုက်သည်

"Earth ....Earthရေ ထပါဦး Tayကိုနှိုးလို့မရတော့ဘူး"
"ဟင်"

     Newအော်သံကြောင့် Earthလန့်နိုးလာပြီး ထလာသည် တောင်ကုန်းလေးပေါ်တက်လာတဲ့ Ggieတယောက် Newအော်သံကြားတာနဲ့ ပြေးတက်လာသည် Tayကိုသေချာစမ်းကြည့်ပြီး ခေါင်းငုံ့ရင်း ဘာပြောရမှန်းမသိငြိမ်နေသည်

"P ဘာဖြစ်တာလဲ ကျတော့ကို ပြောပါဦး P"
"New"

       Earthက P'Ggieကိုကိုင်လှုပ်ပြီးမေးနေတဲ့ ကျတော့ကိုလာဆွဲသည် P'Ggieကလဲ သက်ပြင်းမောကို ချလိုက်ရင် အားတင်းကာ

"Tay ဆုံးသွားတာ ၁၅မိနစ်လောက်ရှိပြီထင်တယ်"
"ဘာ!!!....မဖြစ်နိုင်ဘူး ညကမှ င့ကို ပြုံးပြနေသေးတာ ငါသူ့လက်ကိုတချိန်လုံးကိုင်ထားခဲ့တာ ဘာလို့သေရမှာလဲ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"New"
  
        Tayကိုအတင်းဖက်ထားကာ အလူးအလဲ ငိုနေတဲ့Newကိုမကြည့်ရက်နိုင်တော့ပါ အခန်းပြင်ထွက်လာပြီး Pungကိုဖုန်ဆက်အကြောင်းကြားလိုက်သည်

"အန်တီမြတ်မွန်ကို ပြောပြလို့ဖြစ်ပ့မလား Pung"
"Tayရဲ့နောက်ဆုံးခရီးကို အမေတယောက်အနေနဲ့ ပို့ချင်မြင်ချင်မှာပဲလေ ဘာပဲဖြစ်ဖြစ် ပြောပြမှရမယ်"
"အင်းပါ အခြေနေမဆိုးအောင်တော့ ဂရုစိုက်ရမှာပေါ့"

        အန်တီမြတ်မွန်ရောက်လာတော့ ယိုင်နဲ့စွာ Tayရဲ့အနားမှာ ငူငူကြီးထိုင်ကြည့်နေသည် သူလဲ Newလို ငိုလို့မရတော့ဘူးထင်သည် Pungကတင်းမထားပဲငိုချလိုက်ဖို့ပြောပေမဲ့ တုပ်တုပ်တောင်မလှုပ်ပဲ Tayမျက်နှာကိုသာ စိုက်ကြည့်နေသည် Newကိုလဲ အိပ်ဆေးတိုက်ပြီး ပုလင်းပါချိတ်ထားပေးရသည် ဘယ်သူ့မျက်နှာကြည့်ကြည့် ပူပင်သောကတွေကိုယ်စီနဲ့ပါလား

*****

"New"
"ဗျာ အန်တီ"
"မင်းအကို Tayကလေ ငယ်ငယ်လေးတည်းက သိပ်ကို စိတ်သဘောထားပြည့်ဝတဲ့ ခလေးကွယ့်"
"😢"
"ပရဟိတ ဝန်ထမ်း သိပ်ဖြစ်ချင်ခဲ့တာ သူငယ်ငယ်ကလိုဆင်းရဲချို့တဲ့ကြမှာ သိပ်စိတ်ပူတာ"
"ကျတော် Tay ဖြစ်စေချင်တဲ့အတိုင်း ဒီခြံထဲမှာ ပရဟိတ ဆေးခန်းတခု ဖွင့်နိုင်အောင်ကြိုးစားမှာပါ ကျတော်ကိုယ်တိုင်ဆရာဝန်ဖြစ်အောင် ကြိုးစားပြီးစေတနာ့ဝန်ထမ်းပီသအောင် နေမှာပါ"
"ခနနေရင် သားလေးကို သွားသဂြိုလ်ကြတော့မှာပေါ့နော်"
"အန်တီရယ်"
"သူကဒီနေရာလေးကို သိပ်သဘောကျနေခဲ့တာ တကယ်ပဲ ဒီနေရာလေးမှာ ခေါင်းချသွားခဲ့တယ်"
"😭"

💘 ချစ်ခြင်းကို ကျော်လွန်၍ 💘Donde viven las historias. Descúbrelo ahora