(Uni)
"မရဘူးဗျ ဟို ဦး နဲ့တွေ့ရမှဖြစ်မယ်"
"ဆရာက အိမ်တွေကိုလိုက်ပြီး မထနိုင်တဲ့ လူနာတွေကိုလိုက်ကြည့်ပေးနေတယ် တော်တော်နဲ့ပြန်လာနိုင်မှာမဟုပ်ဘူး ဒီမှာတခြားဆရာတွေလဲ ဆရာဝန်ပါပဲ ပြောပြလေ ဘာဖြစ်လို့လဲဆိုတာ"
"မရဘူး ဟို ဦး ကိုပြောမှဖြစ်မှာ"
နောက်လူမမာတစ်ဦးဆီသွားရမဲ့လမ်းက ဆေးရုံရှိရာနဲ့ လမ်းသင့်နေတာမို့ ဆေးရုံခနဝင်တုန်း ရုန်းရင်းဆန်ခတ်အသံတွေကြောင့်သွားကြည့်ရာ ထုံးစံအတိုင်း ဟိုကိုယ်တော်လေးပင်ဖြစ်သည်
"ဘာဖြစ်နေပြန်တာလဲ"
"ဟော ဟိုမှာ ဦး လာပြီ လိမ်တယ်တွေ့လား လူကြီးတွေဖြစ်ပြီး"
"ဟမ်"
နပ်စ်မတွေကိုပြောချင်ရာပြောပြီး ကျတော့ဆီ ရောက်လာတဲ့သူကို ကြည့်ပြီး အနည်းငယ်တော့အံသြမိတာအမှန် ဘယ်လိုကြောင့်ဆတ်ဆတ်ထိမခံတတ်တဲ့ ဂျစ်ကန်ကန်ပုံစံကိုပိုင်ဆိုင်ထားပါလိမ့်
"ဦး"
"ကဲ ပြော"
"မေမေလေးက ခု ခြေထောက်ယောင်နေတာ မထနိုင်တော့ဘူး အဲ့ဒါ ဦး လိုက်ကြည့်ပေးနိုင်မလား"
"ဟေ မသက်သာဘူးလား"
"ဟင့်အင် ပိုတောင်ဆိုးလာတယ် ခု"
"ကောင်းပြီလေ ဒါဆို လိုက်ကြည့်ပေးမယ် ကိုယ်တာဝန်ယူပေးပ့မယ် ဘာမှမပူနဲ့ ဒါမဲ့ ခုတော့ လူနာတစ်ဦးကြည့်ဖို့ကျန်နေသေးတယ် အဲ့ဒါစောင့်ရမယ် လိုက်စောင့်နိုင်မလား"
"ကြာမှာလား"
"တနာရီလောက်ပဲ"
"အင်း OKလေ ကျတော်လိုက်စောင့်မယ်"
"ဟုပ်ပြီ ဒါဆို ဒီကခနစောင့် မင်းမေမေလေးတွက် လိုအပ်တဲ့ဆေးတွေတခါတည်းယူခဲ့မလို့"
"အွန်း"
ကျတော့ကို ခေါ်လိုက်တာ ဦးတဲ့ ရင်ထဲတဒိန်းဒိန်းနဲ့ ကုလားဘုရားဝင်ပူးသွားသလိုပဲ ဒါက Tayရဲ့ ကျတော့ကို နောက်တမျိုး ချစ်စနိုးခေါ်တဲ့ nickname တခုပေါ့ ကျတော်သူ့ကိုပြုံးပြပြီး ဆေးစတိုလ်ထဲဝင်သွားတော့ ဆရာမတွေက တအံတသြလိုက်ကြည့်နေကြလေရဲ့ ဒီဂျစ်ကန်ကန်လေးကိုမှ ကျတော်အရေးပေးဆက်ဆံနေမိတာကိုး
"Tay အဲ နေလင်း လာ သွားမယ်"
"အွန်း"
ဟုပ်ကဲ့လို့ တခွန်းပင်မပြောတတ်လေသော အဲ့ဒီ ကောင်လေးကို ကျတော်အများကြီးပြုပြင်ပြောင်းလဲပေးချင်မိသည် ကားမှန်ထဲကနေမြင်နေရသည် သူ့မျက်နှာက ကျတော့ကိုတခုခုမေးချင်နေတဲ့ပုံပေါ်တာကြောင့်
ŞİMDİ OKUDUĞUN
💘 ချစ်ခြင်းကို ကျော်လွန်၍ 💘
Hayran Kurguချစ်ခြင်းထက်ပိုမိုနက်ရှိုင်းသော စိတ်ခံစားမှုတွေနဲ့အတူ လူတစ်ယောက်ကို စွဲလမ်းမိသွားသောအခါ......
