(Uni)
ဘုန်း
"အင့်"
ဘာလဲဟ လူတယောက်လုံးမတ်တပ်ရပ်နေတာတောင်မမြင်ရအောင်ဘယ်လိုဟာတုန်း ပြုတ်ကျသွားတဲ့မျက်မှန်ကို ပြန်ကောက်တပ်ရင်း ခုန ဝင်တိုက်တဲ့ခလေးကိုကြည့်လိုက်တော့
*အမ် ဒင်းက လူကြီးကိုဝင်တိုက်ပြီးတောင်းပန်ဖို့နေနေသာ သူလွင့်ကျသွားတဲ့ အသီးတွေ လိုက်ကောက်နေသေးတယ် တွေ့မယ် လူကြီးကို လူကြီးမှန်းမသိတာ ဆုံးမပေးလိုက်ဦးမယ်*
၁၆-၁၇. အရွယ် ကလေးတယောက် ကျတော်ဆေးရုံလေးကိုသဘောကျစွာ ရပ်ကြည့်နေတုန်း ကျတော့ကိုလာဝင်တိုက်တာဖြစ်သည် လာဝင်တိုက်ပြီးတောင်းပန်ရကောင်းမှန်းမသိတဲ့သူ့ကို ကုပ်ကနေဆွဲလိုက်သည်
"ဟမ် ဘာ ဘာလဲ"
"မင်းကဘယ်လိုတုန်း ဟမ်"
"😒"
"ဟင်"
"😠"
"Tay"
"ဘာလဲဗျာ ဘာTayလဲ နောက်ကျနေပါပြီဆို ဖယ် သွားမယ်"
Tayတော့မဖြစ်နိုင်ဘူးဆိုတာ သိပါသည် သို့သော် Tayရဲ့ ကိုယ်ပွားလေးပါပဲ ကျတော့မျက်လုံးတွေကိုပင်မယုံနိုင်လောက်အောင်ဖြစ်သွါးပြီး မျက်မှန်ကိုချွတ်ပြီးပွတ်ခါ ထိုခလေးထွက်သွားရာနောက်ကို လိုက်ကြည့်နေမိသည်
"ဆရာ"
"ဟင်"
"ဘာတွေ ငေးနေတာလဲ"
"ခု ခုန ထွက်သွားတဲ့ ခလေးက"
"ဪ ဟိုငဂျစ်လေးလား သူ့အဒေါ်လား ဘာလားမသိပါဘူး ဆေးခန်းလာပြတာ ၂ရက်လောက်ရှိပြီထင်တယ် နွမ်းပါးတဲ့ပုံပေါ်လို့ဆေးဖိုးမယူဘူးပြောတာကို ရှိသလောက်ပေးမယ်ဆိုပြီး ဇွတ်အကြောတင်းတဲ့ခလေး သူ့ကိုအ့ကြောင့်မှတ်မိနေတာ"
"သူ့နာမည် ဘယ်သူလဲ"
"သိဘူးလေ သူ့အဒေါ်နာမည်ပဲ လူနာစာရင်းကောက်လို့မှတ်ထားတာ သူ့နာမည်မသိဘူး"
"ဪ နောက်တခါ သူဆေးလာပြရင်လေ ကျတော့ဆီ ချက်ချင်းဖုန်းဆက်ပေးပါလား ကျတော့ဖုန်းနံပါတ်ယူထားလေ"
"ဟုပ် ဟုပ်ကဲ့ဆရာ"
"ကျတော်ပြောတာ မမေ့နဲ့ဦးနော်"
"ဟုပ်ကဲ့ပါ"
ဘယ်သူ့ကိုမှဖုန်းနံပါတ်မပေးတတ်တဲ့သူ လက်ထောက်နပ်စ်မရဲ့ဖုန်းနဲ့သာ အလုပ်လုပ်တဲ့သူက ဒီဂျစ်ကန်ကန်ခလေးလေးကြောင့် ဖုန်းနံပါတ်တောင်ပေးသွားတယ်ဆိုတော့ ဆရာမလေးအံ့အားသင့်စွာကျန်ခဲ့သည်
YOU ARE READING
💘 ချစ်ခြင်းကို ကျော်လွန်၍ 💘
Fanfictionချစ်ခြင်းထက်ပိုမိုနက်ရှိုင်းသော စိတ်ခံစားမှုတွေနဲ့အတူ လူတစ်ယောက်ကို စွဲလမ်းမိသွားသောအခါ......
