အပိုင်း(၅)

701 48 0
                                        

(Uni)

ညနေက New ပေးလိုက်တဲ့ ဖုန်းနံပါတ်မှာတင်ထားတဲ့ ကောင်မလေးပုံကြည့်ရင်း စာပို့ဖို့အားနာနေမိသည် ပို့သင့်မပို့သင့်တွေဝေနေတုန်း New ဆီကစာဝင်လာသည်

"ဟျောင့် စာပို့လိုက်သေးလား"
"အေး ခုပဲပို့မလို့"
"fk ခုမှ ပို့မလို့ပဲရှိသေးတာလား ပို့လိုက်ပါဆိုမှပဲ ခုချိန်လောက်ဆို မအိပ်လောက်သေးဘူး ကိုးနာရီပဲရှိသေးတယ်"
"အေးပါကွာ ငါခုပို့လိုက်မယ်"
"OK ပို့ပြီးစာပြန်ရင်င့ကို Ssပြနော်"
"အေးပါ"

New တယောက်ဘာတွေကြံစည်နေမှန်းမသိပေမဲ့ သက်ပြင်းချရင် *Hi*လိုက်သည် ကျန်တာတွေလုပ်ပေးရတာပြသနာ မရှိပေမဲ့ သူများစော်ကို ဖွန်ကြောင်ရမှာကိုတော့ တုံ့နှေးနေမိသည် ရည်းစားတောင်မထားဘူးတဲ့ကျတော့ကိုမှ လာQခိုင်းနေတယ် ဟူး အတွေးတွေနဲ့ ရင်မောနေတုန်းတဖက်မှစာပြန်လာသည်

"ဘယ်သူလဲ"

* ဒုက္ခပဲ ဘယ်လိုဖြေရပ့*

ဘယ်လိုဖြေရမယ်မှန်းမသိတာနဲ့ Newကိုလှမ်းမေးလိုက်တော့ Newက ကျတော့ကို ငယ်ငယ်ကအိမ်မှာခေါ်တဲ့ Waii ဆိုတဲ့နာမည်ကိုပဲပြောခိုင်းတာနဲ့ အဲ့အတိုင်းပို့လိုက်သည်

"Waii ပါ"
"ဘယ် Waii လဲ မသိဘူးရှင့်"
"ကိုယ်ကမင်းကိုသိတယ်လေ"
"ဪ"

ဘာဆက်ပို့ရမှန်းမသလိုိ့ Newဆီ Ssပြလိုက် ပြန်ပို့လိုက်လုပ်နေရသည် Newပို့ခိုင်းတဲ့အတိုင်းပြန်ပို့နေတာမို့လို့ တော်သေးသည် ကိုယ်တိုင်ကစကားကောင်းကောင်းမပြောတတ်ပုံနဲ့ဆိုရင် ခက်ပြီ

"ခင်လို့ရတယ်မလား"
"နေပါဦး Pung ဖုန်းနံပါတ်ကို ဘယ်လိုသိတာလဲ"
"သိချင်လို့ ရအောင်စုံစမ်းထားတာပေါ့"
"မဟုပ်ဘူး မနေ့ကမှ ဒီဖုန်းနံပါတ်လဲထားတာ Pung မိသားစုတွေပဲသိသေးတာ သူငယ်ချင်းတွေတောင်မပြောရသေးဘူး အ့ကြောင့်အံ့သြနေတာ"
"အဲ့ဒါ အရေးမကြီးပါဘူး ကိုယ်ခင်လို့ရတယ်မလား လို့"
"ဟုပ် ခင်လို့ရပါတယ် you ပုံတော့ပို့ပေးလေ ဘယ်သူမှန်းမသိတာ့ မြင်ဖူးချင်လို့"

အဲ့မှာ စ တွေ့ပြီ ပုံပို့ခိုင်းနေပြီ ဘယ်လိုလုပ်ရပ့မလဲ Newဆီလှမ်းမေးတော့ Rp တော်တော်နဲ့မပြန်တာကြောင့် ဖုန်းခေါ်လိုက်သည်

💘 ချစ်ခြင်းကို ကျော်လွန်၍ 💘Donde viven las historias. Descúbrelo ahora