(Uni)
"ဆရာမရေ Tayရဲ့ နောက်ဆုံးဆေးစစ်ချက် result ရပြီနော်"
"ဟင် ဘယ်သူ"
ဆေးစစ်ချက်စာရွက်နဲ့အတူ ဝင်လာတဲ့ နပ်စ်မ လက်ထဲက ဖိုင်တွဲလေးကို ဆွဲယူလိုက်သည် P'Ggie ကတားမလို့ ထလာပေမဲ့ တားချိန်မရလိုက်တော့
#Chronic Myeloid Leukemia
အမည်-Tay
တာဝန်ရှိသူ-Daw Myat Mon
Doctor-Daw Ggie
?????
ဘာ ဘာတွေလဲ ရင်ထဲမှာ ဗုံးတွေအကြိမ်ကြိမ်ပေါက်ကွဲသလို ဝုန်းဆန်နေပါပြီ မြင်လိုက်ရတဲ့ ဖိုင်ထဲကအချက်အလက်တွေက ကျတော့ကိုမူးမိုက်သွားစေသည် နေ့စွဲတွေက တစ်နှစ်နီးပါးရှိနေပြီ Tay မကြာခနဖျားတတ်တာ ဒါကြောင့်လား Tay ရွာပြန်တယ်ဆိုပြီး ခနခနသွားနေတာ ဒါကြောင့်ပေါ့ ကျတော့နားမှာရှိနေတဲ့အချိန်တွေ ကြိတ်ကြိတ်ငိုနေခဲ့တာ ဒီလိုခြေနေတွေ ရှိနေလို့ပေါ့ ဝေဒနာတဖက်နဲ့တောင် ကျတော့ကိုစာပြပေးရင်း မူမပျက် ဟန်ဆောင်နေခဲတာ ကျတော် စိတ်ထိခိုက်မှာစိုးလို့ပေါ့ ကျတော့ကို စာမေးပွဲထိခိုက်မှာစိုးလို့ စာမေးပွဲပီးတဲ့ထိ ဟန်ဆောင်ပေးသွားခဲ့တာပေါ့.....
အတွေးတွေအများကြီးနဲ့ Newအရုပ်ကြိုးပျက်လဲကျသွားသည် င့ကိုတော့မနာကျင်စေချင်လို့မင်းတယောက်တည်း ကြိတ်ခံစားခဲ့တာလား Tayရာ
"New"
"P ဘာလို့ကျတော်က မသိရတာလဲ"
"Tayက ကတိတောင်းထားလို့ပါ Newရယ် Pတို့လဲ အချိန်ပြည့်စိတ်ထိခိုက်နေခဲ့ရတာပါ အန်တီမြတ်မွန်ဆိုရင် Tayစိတ်မကောင်းမှာစိုးလို့ တင်းခံနေပေမဲ့ သူလဲ တော်တော်ခံစားနေခဲ့ရတာပါ"
"Tay ဘယ်မှာလဲဟင် ကျတော် တွေ့ချင်တယ် ကျတော့ကိုပေးတွေ့ကြပါ"
"Pပေးတွေ့ပါမယ် Tayကလဲ မင်းကိုအမြဲသတိရနေတာပါ Pနောက်ကလိုက်ခဲ့နော်"
လူကလမ်းလျှောက်နေရပေမဲ့ စိတ်တွေက ယိုင်နဲ့နဲ့သာရှိတော့သည် P'Ggieကအခန်းတခန်းရှေ့မှာရပ်လိုက်သည် တံခါးကိုဖွင့်နေချိန်မှာ ကျတော်အရမ်းစိတ်လှုပ်ရှားနေမိသည် တံခါးဖွင့်လိုက်တော့ အန်တီမြတ်မွန်က Tayဘေးနားလေးမှာထိုင်နေသည် ကုတင်ပေါ်မှာတော့ Tay..... မမြင်ရတာ အရမ်းကြာနေပြီဖြစ်တဲ့ ကျတော်အရမ်းချစ်ရတဲ့ Tayရဲ့မျက်နှာလေး မျက်လုံးတွေလဲ ချောင်လို့ မျက်နှာကလဲသွေးစုတ်ဖြူ ရော်နေပြီ မင်းလဲင့ကိုအချိန်ပြည့်လွမ်းနေခဲ့မယ်ဆိုတာ ငါသိတယ် Tay.....
VOUS LISEZ
💘 ချစ်ခြင်းကို ကျော်လွန်၍ 💘
Fanfictionချစ်ခြင်းထက်ပိုမိုနက်ရှိုင်းသော စိတ်ခံစားမှုတွေနဲ့အတူ လူတစ်ယောက်ကို စွဲလမ်းမိသွားသောအခါ......
