(Uni)
Newကိုယ်တိုင်လဲ သူ့ကိုယ်သူ ဒီလောက်ညဏ်ကောင်းမှန်းမသိခဲ့ ယခုမှပဲအရင်ကပြင်းပြီးစာမလုပ်ခဲ့တာတွေကိုတွေးမိတော့သည် ကိုယ့်မျှော်လင့်ချက်နှင့်ကိုယ်မို့ ပျော်နေမိသည် စာသင်နေရင်း
"Tay"
"အင်း"
"နောက်တပတ်ကျ င့မွေးနေ့ရှိတယ်နော်"
"ဟင် ဟုပ်လား မွေးနေ့ပွဲလုပ်မလို့လား"
"မနက်ပိုင်းဘုရားသွားပြီး ညဘက်မင်းနဲ့နှစ်ယောက်တည်း ကိတ်ခွဲချင်လို့"
"ဘယ်လို"
"ငါကလူများရင်မကြိုက်ဘူး အ့ကြောင့်မနက်ပိုင်းသူငယ်ချင်းတွေကိုလိုက်ကျွေးပြီးမှ အေးဆေးလုပ်ချင်တာ"
"ဘယ်နေ့လဲ"
"သောကြာနေ့"
"ဟင်"
"ဘာလို့လဲ"
"အဲ့နေ့ ချိန်းထားတာလေးတစ်ခုရှိနေလို့"
"ဖျက်လိုက်ပေါ့ကွာ"
"ဖျက်လို့မရဘူး"
"ဘာလို့တုန်း ဘယ်သူနဲ့သွားတွေ့မှာမို့လို့လဲ"
"P'Ggieနဲ့ ချိန်းထားပြီးသားဖြစ်နေလို့"
"င့မွေးနေ့ထက်ပိုအရေးကြီးတယ်လား"
"မဟုပ်ပါဘူး ဖျက်လို့မရတဲ့ကိစ္စဖြစ်နေလို့ပါ"
"😞"
"ကဲပါ ငါအချိန်မီ လာခဲ့မယ် ၁၂မကျော်စေရဘူး ဟုပ်ပြီလား"
"မရဘူး င့မွေးချိန်က ၁၀နာရီခွဲ အဲ့မတိုင်ခင်လာခဲ့ပေး"
"ဟုတ်ပြီ ၁၀နာရီရောက်ရင်ရတယ်မလား"
"မင်းမလာမချင်း ငါစောင့်နေမှာနော် အဲ့နေ့"
"အေးပါ"Tayကဟိုမမနဲ့ချိန်းထားတာတောင်မဖျက်နိုင်လောက်အောင်ဘာတွေလုပ်ဖို့ချိန်းထားလို့လဲမသိ အို သူလာမယ်ပြောတာပဲ ကျတော့ခံစားချက်တွေ တစိတ်တဒေသလောက်တော့ Tayမြင်အောင်ပြဖို့ရည်ရွယ်ထားသည်
*****
"Tay မနက်ဖြန်င့မွေးနေ့နော်"
"အင်း သိတယ်လေ ဘာဖြစ်လို့လဲ"
"မင်းမမနဲ့ အပျော်လွန်ပြီး မေ့နေမှာစိုးလို့"
"😒"
"မွေးနေ့လက်ဆောင်မလိုဘူး လူပဲရောက်အောင်လာခဲ့ပေးနော်"
"အင်းပါ"တကယ်တော့ Newအတွက်မွေးနေ့လက်ဆောင် ပြင်ဆင်ထားppဖြစ်သည် New ခံစားချက်တွေကိုရိပ်မိပါသည် ပြောင်းလဲလာတာကိုလဲ သတိထားမိသည် ကျတော်နဲ့နှစ်ယောက်တည်းသူမွေးနေ့ပွဲလုပ်ချင်နေတည်းက ကျတော်နဲ့ပတ်သတ်ပြီး သူ့ခံစားချက်တွေ တနည်းနည်းနဲ့ပြောပြတော့မှာသေချာပါသည် ဘယ်လိုမှမဖြစ်နိုင်မှန်းသိလို့ မသိသလိုနေလာခဲ့ပေမဲ့ Newအပေါ် ကျတော်ကိုယ်တိုင်ခံစားချက်ရှိနေတာသိသည် တဖက်မှာလဲ အရေးကြီးကိစ္စရှိနေတာမို့မသွားလို့မဖြစ်ပြန်
VOCÊ ESTÁ LENDO
💘 ချစ်ခြင်းကို ကျော်လွန်၍ 💘
Fanficချစ်ခြင်းထက်ပိုမိုနက်ရှိုင်းသော စိတ်ခံစားမှုတွေနဲ့အတူ လူတစ်ယောက်ကို စွဲလမ်းမိသွားသောအခါ......