(Uni)
"Tay"
"ဟင်"
"ငါဗိုက်စာလို့ မေမေ့ကိုတခုခုသွားလုပ်ခိုင်းပေးပါလား ပုစ္ဆာတွက်နေတာ ပျက်သွားမှာစိုးလို့"
"ဪ အင်း"
Tay ထသွားတာနဲ့ Tayဖုန်းကိုလှမ်းယူပြီး သူ့ကောင်မလေးဖုန်းနံပါတ်ခိုးယူထားလိုက်သည် တော်သေးတယ် ဖုန်းက pwခံထားပေမဲ့ ခုနmiss callက ဖုန်းဖွင့်လိုက်တာနဲ့ပေါ်နေလို့ ဖုန်းနံပါတ်ခိုးပြီး ဖုန်းပြန်ချလိုက်ကာ ခပ်တည်တည်နဲ့ စာပြန်လုပ်နေလိုက်သည်
"ရော့ အန်တီက ကြက်ဥပေါင်မုန့်ကြော်လုပ်ပေးလိုက်တယ်"
"ကျေးဇူးပဲ"
မျက်နှာကြီးပြုံးဖြီးပြီး ကျေးဇူးစကား ထူးထူးဆန်းဆန်းပြောနေတဲ့ Newကိုကြည့်ပြီး တခုခုတော့ ကြံစည်နေပြီဆိုတာ တွေးပြီး မျက်ခုံးကခပ်လှုပ်လှုပ် ကိုယ်တော်လေးက တချက်ချက် မျက်မှန်အောက်ကနေခိုးခိုးကြည့်ပြီး ကြိတ်ပြုံးနေသေးသည်
"ဘာလဲဟ မင်းဘာဖြစ်နေတာလဲ"
"ဘာဖြစ်လို့လဲ"
"မင်းင့ကို ခိုးကြည့်ပြီးကြိတ်ပြုံးနေတာလေ"
"ဘယ်မှာခိုးကြည့်လို့ မပြုံးပါဘူး င့ဘာသာစာလုပ်နေတာ"
"😒"
ကျတော်ဘာမှဆက်မပြောတော့ ပြောလဲဝန်ခံမှာမှမဟုပ်ပဲ ရှေ့လျှောက်သတိနဲ့နေမှဖြစ်မည် ဒီကောင်ကလွယ်တာမဟုပ် စာမသင်ချင်တာနဲ့ ကျတော့ကို ပ ထုတ်ချင်နေတာ
"ကဲ ခြောက်နာရီထိုးပြီ သိမ်းလို့ရပြီ သချာင်္တော့ အိမ်စာမပေးတော့ဘူး မင်းညဏ်ကောင်းသားပဲမဆိုးပါဘူး မနက်ဖြန်သာ မနက်ကပေးထားတဲ့ Engစာ အလွတ်ရအောင်ကျက်ခဲ့"
"အင်း"
ကျတော်စားပွဲကထပြီး အပြင်သွားဖို့အဝတ်အစားလဲနေလိုက်သည် သူကစာအုပ်တွေသိမ်းပြီး ခုံပေါ်ကမထသေးပဲ ကျတော့ကို လိုက်ကြည့်နေသည်
"ဘာလဲ"
"ဘာမှမဟုပ်ပါဘူး မင်းအပြင်သွားမလို့လား"
"အင်း ဘာလို့လဲ"
"ငါလဲလိုက်လို့ရလား"
"ဘာလုပ်ဖို့လဲ"
"ဘာမှတော့လုပ်စရာမရှိပါဘူး ဦးလေးက င့ကိုအပြင်မထွက်ခိုင်းဘူးလေ မင်းနဲ့ဆိုရင်တော့ လွှတ်မှာ"
"လိုက်လို့မရဘူး"
"ဘာဖြစ်လို့လဲ မဟုပ်မှလွဲရော မင်းကောင်မလေးနဲ့သွားတွေ့မလို့မလား"
"😶"
"ဟုပ်တယ်မလား Tay"
YOU ARE READING
💘 ချစ်ခြင်းကို ကျော်လွန်၍ 💘
Fanfictionချစ်ခြင်းထက်ပိုမိုနက်ရှိုင်းသော စိတ်ခံစားမှုတွေနဲ့အတူ လူတစ်ယောက်ကို စွဲလမ်းမိသွားသောအခါ......
