အပိုင်း(၂၀)

627 43 2
                                    

(Uni)

"P"
"ဪ New လာလေ ဘာပြောစရာရှိလို့လဲ"
"ဟို ကျတော်Tayကို ခနခေါ်သွားချင်လို့"
"အဆင်မပြေလောက်ဘူးထင်တယ် New"
"Tay အရမ်းသွားချင်နေတဲ့ နေရာလေးမို့လို့ပါ Pရယ်"
"ဒီလိုလုပ်လေ မနက်ဖြန်မှသွားလိုက် Pသူ့ကို လိုအပ်တဲ့ဆေးထိုးပေးထားမယ် သောက်ဆေးတွေကတော့ Newတာဝန်ယူပြီး အချိန်နဲ့တိုက်ပေးရမယ်နော်"
"ဟုပ် ကျေးဇူးနော် P"

      ခွင့်ပြုလိုက်တော့ ပျော်ပြီးထွက်သွားတဲ့ Newကိုကြည့်ရင်း စိတ်မကောင်းဖြစ်မိပြန်သည် အရမ်းချစ်ကြတဲ့ ချစ်သူတွေအတွက် ရက်စက်တဲ့ကံကြမ္မာက အဆင်သင့်ရှိနေတာ မတရားလိုက်တာ

*****

"မင်းင့ကိုမျက်လုံးမှိတ်ပြီးခေါ်လာပြန်ပြီ"
"မင်းသာ အေးဆေးထိုင်လိုက်ခဲ့စမ်းပါကွ"
"မင်းကလေ သိပ် Ro ဆန်တာပဲ"
"ချစ်လို့လေ"
"အင်းပါ"
"မျက်စိဖွင့်လို့ရပြီ"

        မျက်စိဖွင့်လိုက်တော့ တောင်ကုန်းလေးပေါ်မှာ ပန်းရောင်ဆေးခြယ်ထားတဲ့ အိမ်ငယ်လေး ကဗျာဆန် စိတ်ကူးယဉ်ဆန်စွာနဲ့အိမ်လေးက တောင်ကုန်းလေးနဲ့ လိုက်ဖက်လွန်းနေသည် ကျတော် မျက်နှာမှာ အလိုလိုအပြုံးတခု ထင်ဟပ်လာသည် New ဆိုတဲ့ အဲ့ဒီကောင်လေးက ကျတော့အတွက် အမြဲတမ်းအပြုံးတွေကိုယူဆောင်ပေးခဲ့တာလေ ကျတော့ကိုခေါ်လာတဲ့ လမ်းလေးကိုလဲ အင်္ဂတေ တွေခင်းထားလို့ အရင်လိုအဖုအထစ်တွေမရှိတော့ပေ ဝှီးချဲလ်တွန်းလို့ရအောင် သေချာစီစဉ်ထားခဲ့တာပဲ

"New မင်းတစ်ပတ်တည်းနဲ့ ဒါတွေကို ဘယ်လို"
"လူအင်အားအများကြီးသုံးလိုက်တာလေ ပိုက်ဆံတော့ ပိုကုန်တာပေါ့ မေ့မေ့ကိုဂျီကျလိုက်တာ"
"😍"
"ဘယ်လိုလဲ မင်း သဘောကျရဲ့လားဟင်"
"New"
"ပြောလေ"
"ငါ မင်းကို အရမ်းချစ်တာပဲ"
"ငါကပိုချစ်တယ် Tay"
"ငါ သိပါတယ်"
"လာ သွားရအောင်"

       Tayရဲ့ ပိန်သွားတဲ့ခန္ဓာကိုယ်လေးကို ဝှီးချဲလ်ပေါ်ကနေ အသာလေး ချီလိုက်ပြီး ကျတော်စိတ်တိုင်းကျတည်ဆောက်ထားတဲ့ ပန်းနုရောင်အိမ်ငယ်လေးဆီ ခေါ်လာလိုက်သည်

"Woow"

       အိမ်ကြီးရဲ့ နံရံပေါ်မှာ ပထမဆုံးတခေါက်ဒီကိုလာတုန်းက Newနဲ့ ကျတော့ရဲ့ ဓါတ်ပုံတွေ အစီအရီချိတ်ထားသည် Tayက ကြည့်ပြီး အရမ်းအံသြပြီးပျော်နေသည် ရှေ့မှာ ချထားတဲ့ ဝရံတာက ခုံလေးပေါ် Tayကိုတင်ပေးလိုက်သည်

💘 ချစ်ခြင်းကို ကျော်လွန်၍ 💘Donde viven las historias. Descúbrelo ahora