(Uni)
"ဘာတွေ ပြုံးနေတာလဲ New"
"ဪ င့အကြံအစည်အောင်မြင်တော့မယ်ဆိုတာ တွေးမိလို့ပါ"
"မင်း Tay ကိုအ့လောက်တောင်မုန်းနေတာလား"
"မုန်းတယ်လဲ မဟုပ်ပါဘူး င့ကိုသူနဲ့အမြဲနှို်င်းယှဉ်ပြောတည်းက သူ့ကိုမကြည်တော့တာ"
"မင်းကမနာလိုဖြစ်နေတာပဲ"
"ဘာကိုမနာလိုရမှာ"
"သူမင်းထက်တော်နေတာကိုပေါ့"
"မဆိုင်တာ"
"ဪ New ငါပြောရဦးမယ် မနက်ဖြန်ဆို ငါဘောဒါဆောင်ကိုသွားနေရတော့မယ်နော်"
"ဟုပ်လား မသွားပါနဲ့လား Earth မင်းမားသားကြီးကိုငါကူပြောပေးမယ်လေ"
"ရမယ်မထင်ဘူး"
"မင်းစာမေးပွဲအောင်စေရမယ် ကတိပေးလိုက်ပေါ့ကွာ စာမေးပွဲကမင်းအတွက်အေးဆေးပဲဆိုတာ ငါသိတယ်"
"ပြောကြည့်မယ်လေ"
"OK ငါပြန်လိုက်ဦးမယ်ကွာ ဦးလေးဆူမှာစိုးလို့"
"အေး အေး ညမှလိုင်းပေါ်တွေ့မယ်"
"အေး သွားပြီ မင့်ဟိုစော်ဆီစာပို့ဦးနော်"
"အေးပါ"ကျတော်အိမ်ပြန်လာတော့ ဦးလေးက အပေါက်ဝမှာ ခါးထောက်ပြီးရပ်ကြည့်နေသည် ကျတော်မျက်နှာချိုသွေးပြုံးပြပြီး ဇက်လေးပုကာ အခန်းထဲဝင်လာခဲ့သည် ဟိုကောင်အခန်းကအသံတိတ်နေပါလား အိပ်နေတာထင်တယ် ကျတော် Earthကိုဖုန်းဆက်ပြီး gameထိုင်ဆော့နေလိုက်သည် သုံးနာရီခွဲတော့ ရေမိုးချိုးပြီးစာသင်ဖို့ထွက်လာခဲ့သည်
*****
ဒီနေ့ Tayမျက်နှာမကောင်း သူ့စော်နဲ့များအဆင်မပြေလို့လား အို သူ့ဘာသာ ဘာပဲဖစ်ဖြစ်ငါနဲ့မှမဆိုင်တာ ကျတော့ ခေါင်းခါရင်း စာငုံ့ရေးနေလိုက်သည်
"ဘယ်ဟာနားမလည်လို့လဲ New"
"ဟင်"
"ခေါင်းခါနေလို့လေ"
"ဪ ဇက်ကြောတက်လို့ ဇက်ချိုးတာပါ"
"နားမလည်တာရှိရင်မေးနော်"
"အွန်း"သူတခုခုဖြစ်နေတာတော့သေချာတယ် မျက်နှာ မအီမသာနဲ့ သူ့ကိုမသိမသာအကဲခတ်နေတုန်း Tay ဖုန်းကမက်ဆေ့ဝင်လာသည် အသာလေးခိုးကြည့်လိုက်တော့ ထင်သည့်အတိုင်း * My Heart* Tayက ဒီတခါတော့ ဖုန်းကိုချက်ချင်းကောက်ကိုင်ပြီး ဖွင့်ဖတ်ကာ စာပြန်ပို့နေသည် ဘာလဲဟ Earthနဲ့ Qခိုင်းထားတာ သိသွားလို့လား
"Tay"
"ဟင်"
"မင်းစော်နဲ့အဆင်မပြေဘူးလား"
"ပြေပါတယ်"
"ဪ"သူ့ဆီကဘာစကားမှထပ်မကြားရ သက်ပြင်းတိုးတိုးခိုးချနေတာပဲတွေ့သည် ကျတော်လဲ သိချင်တာဆို သိရမှ ဘယ်လိုမေးရင်ကောင်းမလဲ စဉ်းစားနေမိသည်
YOU ARE READING
💘 ချစ်ခြင်းကို ကျော်လွန်၍ 💘
Fanfictionချစ်ခြင်းထက်ပိုမိုနက်ရှိုင်းသော စိတ်ခံစားမှုတွေနဲ့အတူ လူတစ်ယောက်ကို စွဲလမ်းမိသွားသောအခါ......