အပိုင်း(၁၇)

616 43 12
                                    

(Uni)

     Newက ခြံဝတည်းက ကျတော့ကိုမျက်လုံးမှိတ်ပြီးခေါ်လာသည် တောင်ကုန်းလေးပေါ်ရောက်တော့ ကျတော်အံ့သြသွားသည် ရောင်စုံဘောလုံးများ ပန်းကုံးများနှင့် အဝမှာ ပန်းကုံးတံခါးလေးဆင်ထားသည် ပြီးတော့ တရုတ်စကားပင်လေးဘေးမှာ ခုံလေးချထားပြီး ဝိုင်ခွက်နှစ်ခွက်နဲ့စားစရာတွေက အဆင်သင့်

"New မင်း ဒီကိုလာတဲ့လမ်းမှတ်မိတယ်ပေါ့"
"မှတ်မိတာပေါ့ ပြန်တော့ ငါvdoရိုက်လာခဲ့တာကို"
"မင်းဘယ်ချိန်တည်းက လာလုပ်ထားတာလဲ"
"😊"

       Newက သူလုပ်ထားတာကို ကျတော်အံ့သြနေတော့ သဘောကျနေသည် ချစ်စဖွယ်အပြုံးလေးနဲ့ ကျတော့ကိုစိုက်ကြည့်နေတာ အသဲယားစရာကောင်းလှသည်

"မိုးမလင်းခင်တည်းက သူ့စိတ်ကြိုက်လာလုပ်နေတာသားရေ"
"ဟီး ဘဘကလဲ"
"ဟိုဟာ ဘာလဲ"
"ဪ မှတ်တမ်းတင် vdoရိုက်ထားမလို့လေ"
"အမယ် သေချာစီစဉ်ထားတာပါလား ဒေါက်တွေဘာတွေနဲ့ "
"😊"

        Tayပျော်နေတော့ ကျတော်လဲ ပျော်ပါသည် Tayရဲ့အပြုံးတွေမြင်နေရရင် ကျတော်ကျေနပ်နေမိတာအမှန်

"ကြွပါ ကျတော့ရဲ့အချစ်ရဆုံးချစ်သူလေးTayခမျ"

      ကျတော့ကို ပန်းတံခါးလေးကတဆင့်ခေါ်သွားသည် လမ်းမှာလဲ တရုတ်စကားပန်းလေးတွေ ခင်းထားတာ မွှေးကြိုင်နေသည် စားပွဲပေါ်မှာစားသောက်စရာတွေအစုံအလင်ကအဆင်သင့်ဖြစ်နေသည် Newနဲ့ကျတော် ဘဘကိုအရင်ဦးချ ကန်တော့ပြီး နှစ်ယောက်သားစားပွဲလေးကို ကျင်းပ လိုက်ကြသည် စားသောက်ပြီးတော့ တရုတ်စကားပင်အောက်မှာ Newက ကျတော့ပခုံးလေးမှီရင်း

"Tay"
"ဟင်"
"င့ကို ဘယ်တော့မှမထားခဲ့ရဘူးနော်"
"အင်းပါ"
"ဒီနေရာလေးကို ငါတို့ ချစ်သက်သေနေရာလေးအဖြစ်သဘောထားမယ်နော်"
"ဒါပေါ့"
"စာမေးပွဲပြီးလို့အမှတ်စာရင်းထွက်တာနဲ့ မေမေ့ကိုဒီခြံလေးဝယ်ပေးခိုင်းမယ်"
"အန်တီက ဝယ်ပေးမယ်တဲ့လား"
"ငါဆေးကျောင်းတက်ဖို့မှီရင် ဝယ်ပေးမယ်တဲ့"
"ဟုပ်လား"
"ဘဘကိုလဲဒီမှာပဲဆက်နေခိုင်းမယ်လေ မင်းမပျော်ဘူးလား Tay"
"ပျော်တာပေါ့"

       Newက ကျတော့ပခုံးမှီပြီး သူပြောချင်တာတွေပြောနေပေမဲ့ ကျတော့မျက်ဝန်းက မျက်ရည်တွေက တလိမ့်လိမ့်စီးကျလာပြီး Newလက်မောင်းပေါ် မျက်ရည်စက်တွေ ကျသွားသည်

💘 ချစ်ခြင်းကို ကျော်လွန်၍ 💘Donde viven las historias. Descúbrelo ahora