(Uni)
မနက် ငါးနာရီထိုးတော့ Newမနိုးမှာစိုးလို့ သူ့ကိုအရင်နှိုးဖို့ သူ့အခန်းဆီ တံခါးသွားခေါက်တော့ အမယ် ဆရာသမားက ဒါမျိုးကျ ဝိရိယတွေရှိနေတာ မျက်နှာတောင်သစ်ပြီးပြီ
"ဘာလဲဟင်"
"ဘာမှမဟုပ်ပါဘူး မင်းမနိုးမှာစိုးလို့ လာနှိုးတာ"
"ဟီး ငါက လေးနာရီခွဲAlarmပေးထားတာလေ"
"နိုးရင်လဲပီးရော အဆင်သင့်လုပ်ပြီး အောက်ကစောင့်နေ ငါမျက်နှာသစ်လိုက်ဦးမယ်"
"အွန်း"
လေလေးချွန်ရင်း အဝတ်အစားလဲကာ ခေါင်းကို ဆီလိမ်းနေလိုက်သည် ဟိုးအရင်တည်းက ကမ်းခြေဆို အရမ်းသဘောကျခဲ့တာ မေမေကစိတ်မချလို့မလွှတ်ဘူးလေ ခုတောင် Tayပါလို့ လွှတ်တာနေမှာ
"Newရေ ပြီးရင်လာဟေ့ ဘာတွေအဲ့လောက်ပြင်နေတာလဲ"
"လာပြီ လာပြီ"
ကျတော်ကျောပိုးအိတ်ဆွဲကာ ပြေးဆင်းလာခဲ့သည် အောက်မှာ Tay သူငယ်ချင်းတယောက်က ကားနဲ့ရောက်နေပြီဖြစ်သည် ကျတော်ရောက်တာနဲ့ ကားမောင်းထွက်လာခဲ့သည်
"မွှန်ထူနေတာပဲ Newရာရေမွှေးဖိတ်လာတာလား"
"များသွားတာ ဟီး"
Tayကသူ့သူငယ်ချင်းနဲ့ရှေ့ကထိုင်သည် ကျတော်တယောက်တည်းနောက်မှာနားကျပ်တပ်ကာ သီချင်းနားထောင်ရင်းလိုက်လာခဲ့သည် Pung ကိျုဝငျခေါျမှာထငျတယျ တနာရီလောက်မောင်းပြီးတာတောင် ဝင်မခေါ်တာကြောင့်
"Tay မင်းကောင်မလေး ဝင်မခေါ်တော့ဘူးလား"
"Tay ကောင်မလေး ဟုပ်လား"
"😳"
"သူမအားလို့ မလိုက်တော့ဘူး တဲ့"
"ဪ"
Tayက Ssing ပြောမဲ့စကားကို ကြားကဖြတ်ပြောလိုက်သည် Ssing က Tayကိုနားမလည်သလိုကြည့်နေသည် အစတည်းက ကျတော် အနားယူဖို့အတွက် သီးသန့်ထွက်လာတာဖြစ်သည် Pung ပါလိုက်မယ်လို့သူ့ဘာသာထင်ပြီးပြောနေသော Newကြောင့် Ssingကို Tayကလှမ်းပိတ်လိုက်တာဖြစ်သည်
"ရှေ့ကြည့်မောင်း ပါဟ အကုန်မသာပေါ်ကုန်မယ်"
"Tay"
"အင်း"
" Pungက"
"Pung ကသင်တန်းတက်နေတာလေ ခု"
Ssingက အလိုမကျစွာ ဒီကောင် ဘာဖြစ်နေတာလဲ စကားကို ထိပ်ကနေပိတ်ပိတ်ပြီး ပြောနေတာ ငါဘာမေးမှာလဲ မသိပဲနဲ့ Tay တခုခုကို လျှို့ဝှက်ထားပြီဆိုတာ သိလိုက်သည် Tayနဲ့ကငယ်ငယ်လေးတည်းက ပေါင်းလာတော့ သူ့စိတ်ကိုသိနေသည် Tay ကိုမျက်စောင်းထိုးရင်း ကားကိုဆက်မောင်းနေလိုက်သည် ကမ်းခြေရောက်တော့ ကိုယ်တော်ချောက အိပ်နေတာမှ သိုးလို့
YOU ARE READING
💘 ချစ်ခြင်းကို ကျော်လွန်၍ 💘
Fanfictionချစ်ခြင်းထက်ပိုမိုနက်ရှိုင်းသော စိတ်ခံစားမှုတွေနဲ့အတူ လူတစ်ယောက်ကို စွဲလမ်းမိသွားသောအခါ......
