(Uni)
"မင်း ဖုံးကွယ်မနေပါနဲ့တော့"
"ဘာကိုလဲဟ"
"ငါ မင်းကိုနမ်းမိခဲ့တယ်မလား"
"ချီးပဲ မဟုပ်ပါဘူးလို့ပြောနေကွာ ငါသွားအိပ်တော့မယ်"
တလှပ်လှပ်ခုန်နေတဲ့ရင်က အခန်းထဲရောက်တဲ့ထိပျောက်မသွားပေ Tayကို ချစ်မိသွားတာ ကိုယ့်ဘာသာခုထိမယုံနိုင်သေး Tayကတော့ ကျတော့အပေါ် ပုံမှန်ပဲပြောဆိုနေပေမဲ့ ကျတော်ကတော့ တဖက်သတ်ရင်တွေခုန်နေမိတာပါ
*ဘာလဲဟ ယောကျာ်းချင်းဘာရှက်စရာရှိလို့လဲ ဒီတိုင်းမှားခဲ့တာကို*
Tay ခေါင်းခါရင်း နားမလည်စွာ ပြောလိုက်မိသည် ခုရက်ပိုင်း Newထူးဆန်းနေသည် ကျတော့ကိုမျက်လုံးချင်းဆုံအောင်မကြည့် ကျတော်နဲ့တွေ့တိုင်း အယောင်ယောင်အမှားမှားနဲ့ ဒီကောင်ဘာဖြစ်နေပါလိမ့်
*****
"Earth ငါဟန်မဆောင်ချင်တော့ဘူးကွာ"
"ဘာကိုလဲဟ အဆုံးမရှိ အစမရှိ"
"Tayကိုငါဖွင့်ပြောလိုက်ရမလား"
"ဟင်"
"ငါ မျိုသိပ်ထားရတာ ပင်ပန်းတယ်ကွ"
"သူငြင်းလိုက်ရင် မင်းအဲ့ဒါကိုလက်ခံနိုင်မှာမို့လို့လား"
"ဟူး"
"စဉ်းစားပါဦး Newရာ မင်းတို့ကယောကျာ်းလေးချင်းနော် သူဘာကိုစိတ်ဝင်စားလဲ အရင်လေ့လာပြီးမှပြောစေချင်တယ်"
"😔"
Earthပြောတာဖြစ်နိုင်သည် ကမ်းခြေကကောင်မလေးနဲ့ကိစ္စပြန်မြင်ယောင်လာသည် Tayကမိန်းကလေးပဲစိတ်ဝင်စားတာနေမှာပါ
"New"
"ငါ လိုင်းအောက်တော့မယ်Earth ရာ"
"အေးပါကွာ ငါပြောတာသေချာစဉ်းစားပေါ့"
"😶"
*****
Tayစာရှင်းပြနေတာကို စိတ်မဝင်စားပဲ Tayကို ခနခန ခိုးကြည့်နေမိသည် သူကတော့ဘာမှမသိ စာတွေသာ ရှင်းပြနေသည်
"Tay"
"ဟင် ဘာနားမလည်လို့လဲ New"
"င့ကိုဆယ်တန်း ဘယ်နှစ်မှတ်နဲ့အောင်စေချင်လဲ"
"ထူးထူးဆန်းဆန်းပါလား အောင်စေချင်တာပေါ့ကွ အမှတ်တွေအများကြီးနဲ့"
"ဘယ်နှစ်မှတ်လောက်လဲ ပြောကြည့်"
"အနိမ့်ဆုံး ၄၀၀"
"OK"
"ဘာဖြစ်လို့လဲNew"
"ငါမင်းပြောတဲ့အမှတ်ထက်မနည်းပဲအောင်ရင် ငါလိုချင်တာမင်းပေးမှာလား"
"အင်း မင်းဘာလိုချင်တာလဲ"
"အဲ့ခါကျမှပြောမယ်လေ"
"ဒါမဲ့ ငါမပေးနိုင်တာမျိုးဆို"
"မင်းပေးနိုင်တာပဲတောင်းမှာ"
"ဟုပ်ပါပြီကွာ"
"ကတိနော်"
"ဟမ်"
"ကတိပေးလို့"
"အင်း ပေး ပေးပါတယ်"
YOU ARE READING
💘 ချစ်ခြင်းကို ကျော်လွန်၍ 💘
Fanfictionချစ်ခြင်းထက်ပိုမိုနက်ရှိုင်းသော စိတ်ခံစားမှုတွေနဲ့အတူ လူတစ်ယောက်ကို စွဲလမ်းမိသွားသောအခါ......
