(Uni)
Tayသက်သာသွားတာနဲ့ ကျတော်တို့ပြန်လာခဲ့ကြသည် Tayက ခုမှ သူက ခလေးလိုဖြစ်နေတာတွေးပြီးရှက်နေသည် ခန္ဓာကိုယ်တွေ အသက်အရွယ်တွေ ဘယ်လိုပဲပြောင်းလဲသွားပေမဲ့ ကျတော်တို့အချစ်တွေမပြောင်းလဲတာ ကျေးဇူးတင်ပါသည်
"Tay ရင်တွေခုန်နေလား"
"အင်း အန်တီကိုတွေ့ရတော့မှာဆိုတော့ တမျိုးကြီးပဲ ခံစားနေရတယ်"
"လာ မင်းကိုတွေ့ရင် မေမေလဲ ဝမ်းသာနေမှာ"
"😊"
ကျတော် Tayကို မေမေ့ဆီခေါ်လာတာဖြစ်သည် မေမေလဲ အသက်ကြီးပြီမို့အိမ်မှာ ဘုရားတရားလုပ်ရင်းနေနေတာဖြစ်သည် Tayကိုပြန်တွေ့တာ ခုထိမပြောရသေး အိမ်ရောက်တော့ မေမေက ကုလားထိုင်ပေါ်မှာ ပုတီးစိပ်နေသည်
"အန်တီ"
"ဟင် Tay ....Tayလား"
"ဟုပ်ပါတယ် အန်တီ"
"ဘယ် ဘယ်လိုဖြစ်တာ"
"သူက Tayရဲ့ ညီလေး နေလင်းပါ မေမေ ဒါပေမဲ့ Tayဝင်စားတာပါ သူခု အရင်ဘဝကိုအကုန် ပြန်မှတ်မိနေပြီ"
"သားရယ် အန်တီ ဝမ်းသာလွန်းလို့ ဘာပြောရမှန်းတောင်မသိတော့ဘူး ဒါနဲ့ မြတ်မွန်ရောဟင်"
"မေမေက ကျတော့ကိုမွေးရင်းနဲ့ဆုံးသွားတယ်လို့ပြောတယ်ဗျ"
"အို...မြတ်မွန်တောင်ဆုံးတာ ကြာပြီပေါ့ သံဝေရရစရာ လောကကြီးပါလား"
"😐"
"ကဲ သားတို့ ခရီးကခုမှပြန်ရောက်တာမလား နားချင်နားတော့လေ"
"သားပြောစရာရှိလို့မေမေ"
"အင်း ပြောလေ"
"သားတို့လက်ထပ်ချင်တယ်"
"ဟေ"
"မင်္ဂလာမဆောင်ပါဘူး မေမေရ ဘုန်းကြီးဆွမ်းကျွေးပြီး သားတို့နှစ်ဦးသဘောတူလက်မှတ်ထိုးထားရုံပါ"
"သားတို့သဘောပါ သားတို့အချစ်တွေခိုင်မြဲလို့ပြန်ဆုံခဲ့ကြပြီပဲ မေမေဘာမှမကန့်ကွက်တော့ပါဘူး"
"ကျေးဇူးပါ မေမေ"
"သားတို့ ဘယ်နေ့လုပ်ချင်တာလဲ"
"မနက်ဖြန်ပဲ မေမေ"
"ဟင် မြန်လှချည်လား..... အင်းပါလေ သားတို့ဘာသာကြည့်စီစဉ်ကြပေါ့ မေမေကအသက်ကြီးပြီ ဘုရားတရားပဲလုပ်ချင်တော့တယ်"
"ဟုပ်ကဲ့ပါ မေမေ သားတို့ဘာသာ အကုန်စီစဉ်လိုက်ပ့မယ်"
"😊"
ကျတော်တို့နှစ်ယောက်ပျော်လွန်းပြီး တယောက်ကိုယ်တယောက်ပြုံးပြလိုက်ကြသည် ကျတော်တို့ကို ဘယ်အရာမှတားဆီးမထားတော့ပါ ပျော်ရွှင်စရာဘဝတခုကိုတည်ဆောက်ဖို့အဆင်သင့်ဖြစ်နေခဲ့ကြသည်
BẠN ĐANG ĐỌC
💘 ချစ်ခြင်းကို ကျော်လွန်၍ 💘
Fanfictionချစ်ခြင်းထက်ပိုမိုနက်ရှိုင်းသော စိတ်ခံစားမှုတွေနဲ့အတူ လူတစ်ယောက်ကို စွဲလမ်းမိသွားသောအခါ......
