အပိုင်းတစ် - စတင်တွေ့ဆုံရာ
Luhan က အေးဆေးတည်ငြိမ်တဲ့ကလေးတစ်ယောက်
ဖြစ်ပေမဲ့နုံချာရိုးသားသူတော့မဟုတ်။ ဆယ့်ကိုးနှစ်ဆိုတဲ့ အသက်နဲ့မလိုက်ဖက်ပဲ အတည်ငြိမ်လွန်နေတာကလွဲပြီး သူက ကျောင်းစာမှာတော်တယ်။ ဆရာမတွေကိုကူညီ
တတ်ပြီး အတန်းဖော်တွေကိုကူညီတတ်တဲ့ အားကိုးရတဲ့အတန်းခေါင်းဆောင်ဖြစ်တယ်။အရင်းနှီးဆုံးမရှိပေမဲ့ သူငယ်ချင်းများတယ်။
ဘတ်စကတ်ဘောနဲ့ ဘောလုံးလိုအားကစားမျိုးမှာ
တော်ပြီး ကျောင်းဘတ်စကတ်ဘောအသင်းရဲ့
လက်ရွေးစင်တယောက်ဖြစ်တယ်။ဆယ့်ကိုးနှစ်ဆိုတဲ့အသက်မှာ ပြည့်စုံသင့်သလောက်
ပြည့်စုံတဲ့Luhanဟာ သူတို့နယ်မြို့လေးမှာတော့
စတားပဲ။မိဘတွေက Luhanနဲ့ယှဉ်ပြီး သူတို့သားသမီးတွေကို အတုယူဖို့ဆူပူကြတယ်။ ကောင်လေးအများစုက
ထိုအချက်ကိုမကျေနပ်ကြပေမဲ့ ကောင်မလေးတွေ
အတွက်တော့ Luhanက အိမ်မက်ကမ္ဘာထဲက မြင်းဖြူကြီးစီးပြီးသူမတို့ဆီရောက်လာမဲ့ မင်းသားလေးတပါးပဲ။အဲ့ဒီမင်းသားလေးက အခု စာသင်ခန်းအလယ်မှာ
တယောက်တည်းသင်္ချာတွေထိုင်တွက်နေလေတယ်။အထက်တန်းနောက်ဆုံးနှစ်ရဲ့စာသင်ခန်းကတော့
ဆရာမလာခင်စပ်ကြားထဲမှာ ဆက်ရက်အုပ်ထဲခဲလုံး
ပစ်ထည့်လိုက်သလို ဆူညံပွက်လောရိုက်နေပါတယ်။ကောင်မလေးတွေတစ်ယောက်ပြီးတစ်ယောက်
Luhan့ဘေးနားကလွတ်နေတဲ့စားပွဲခုံပေါ်မှာ
အအေးဘူးတွေ ပေါင်မုန့်တွေ ချောကလက်တွေလာလာ
တင်နေကြပေမဲ့ Luhanကတချက်လေးတောင်
လှည့်မကြည့်ပဲ သင်္ချာသာဆက်တွက်နေခဲ့တယ်။ဒါက အလေးမထားတာမဟုတ်၊ ချေမိုးတာမဟုတ်။
သူ့ဘက်ကလာထားပါပြောထားတဲ့ကိစ္စမဟုတ်တာကြောင့် သူဂရုစိုက်စရာမလိုဟုထင်မိတာကြောင့်ဖြစ်တယ်။ သူ့ရဲ့ ပင်ကိုယ်စရိုက်ပါပဲ။ကျောင်းသားတွေ တစ်ယောက်နဲ့တစ်ယောက် တွန်းထိုးစနောက်ပြီး ကျောင်းသူတွေက idol ကောင်လေးတွေအကြောင်း၊ Produce 101 အစီအစဉ်အကြောင်း၊
လက်ရှိပြနေတဲ့ ကိုရီးယားကားတွေအကြောင်းပြော
နေကြဆဲအချိန်မှာ အခန်းပြင်စင်္ကြန်လမ်းတလျှောက်
လျှောက်လာပြီးအခန်းထဲဝင်လာတော့မဲ့ ဆရာမကို
မျက်စိထောင့်စွန်းကနေလှမ်းမြင်လိုက်တဲ့ Luhanက
ခဏချင်းမတ်တပ်ထရပ်လိုက်တယ်။
YOU ARE READING
အချစ်ဆုံး.......အချစ်ဦး | အခ်စ္ဆုံး......အခ်စ္ဦး
Fanfictionအချစ်ဦး ကျွန်တော့်အတွက်တော့ သိပ်လှတဲ့ဖြစ်တည်မှုပဲ။ အချစ်ဦး ကျွန်တော့်အတွက်တော့ သိပ်လှတဲ့ဖြစ်တည်မှုပဲ။