အပိုင်းနှစ်ဆယ့်သုံး - ကံကိုမယုံဘူး။ငါတို့စိတ်တွေကိုပဲယုံတယ်။

3.4K 550 52
                                        

အပိုင်းနှစ်ဆယ့်သုံး - ကံကိုမယုံဘူး။ငါတို့စိတ်တွေကိုပဲယုံတယ်။

Luhan က တနှစ်ကျော်ကပြောခဲ့တဲ့ စကားကိုမမေ့သေး
ဘူး။ Sehun ကျောင်းပိတ်တဲ့နေ့ကျရင် Sehun
အဖေကိုသွားတွေ့ဖို့ သူကစပြောလာခဲ့တယ်။

အဖေကလွတ်ငြိမ်းချမ်းသာခွင့်ရလို့ ထောင်ကလွတ်
လာတာကြာပြီ။ ဆိုးလ်နဲ့ဝေးတဲ့နယ်မြို့လေးတမြို့မှာ
အေးဆေး အပင်တွေစိုက်ရင်းနေနေတယ်လို့ Sehunက
ပြောတယ်။

ခရီးပမ်းမှာဆိုးလို့ Sehun ကမသွားစေချင်ပေမဲ့
Luhanက ခေါင်းမာလွန်းပါတယ်။ Sehunငြင်းလို့
မရအောင် သူက ရထားလက်မှတ်ကြိုဖြတ်ပြီးသား
ဖြစ်နေခဲ့တယ်။

"ဖေဖေကဘာကြိုက်တတ်လဲ Sehun ?"

ဖေဖေလို့ သုံးလိုက်မိလို့ Sehun နှုတ်ခမ်းတွေပြုံးသွား
တာချည်းကို Luhanကမမြင်ဘူးရယ်။ ဘာလက်ဆောင်
ယူသွားရမလဲ တွက်ချက်ရင်းနဲ့အလုပ်များနေတာလေ။

"အဖေကအချိုကြိုက်တယ်ရော "

"အာ အဲ့ဒါဆို ငါ ကွတ်ကီးလေးတွေလုပ်သွားမယ်"

"ရွာမှာလည်း ကလေးတွေအများကြီးရှိတယ် "

"ငါ အများကြီးပိုလုပ်သွားမယ်လေ"

"ငါလည်း ဟန်လေးကို အများကြီး ကြိုက်တယ်"

"အင်း ငါ……"

လိုအပ်တဲ့ပစ္စည်းစာရင်းတွေကိုချမှတ်ရေးနေရင်း စကား
အလိုက်အထိုက်ပြောနေရင်းမှ လမ်းကြုံအီစီကလီခံ
လိုက်ရတာကို သဘောပေါက်သွားတဲ့ Luhanက Sehunကို မကျေမချမ်းမော့ကြည့်တယ်။

ဒီနေ့က ကျောင်းဖွင့်ရက်ပေမဲ့ Sehunက အတန်းတွေကိုနေ့ဝက်ပဲတက်ပြီး Luhan့နားဝေ့လည်နေတာဖြစ်
တယ်။

"ငါတို့ဈေးဝယ်ထွက်ကြမယ်လေ"

"ဟင့်အင်း မင်းကျောင်းသွားမှ ငါတယောက်တည်း
သွားဝယ်မှာ"

"ဟာ ဟန်လေးကလဲ ………"

Oh Sehunရဲ့ ချွဲချွဲနွဲ့နွဲ့ အမူအရာက ဆယ်ကျော်သက်
တုန်းကသာ ချစ်ဖို့ကောင်းချင်ကောင်းမယ်။ Luhan့
ကို မလိုက်လျောရမနေနိုင်အောင်စွမ်းချင်စွမ်းနိုင်မယ်။

အချစ်ဆုံး.......အချစ်ဦး    |  အခ်စ္ဆုံး......အခ်စ္ဦးМесто, где живут истории. Откройте их для себя