အပိုင်းခြောက် - အဆုံးသတ်ဆိုတာမရှိဘူး
တစ်ရက်၊ နှစ်ရက် ကနေ စာမေးပွဲဖြေကြတော့မဲ့
ရက်အထိSehun ကျောင်းကိုပြန်မရောက်လာခဲ့ပါဘူး။Sehunဘက်ကစပြီးဆက်သွယ်မလာခဲ့တာကြောင့် Luhanလည်းငြိမ်နေမိတယ်။ NaNa့ကိုမေးကြည့်ဖို့လဲ သူမပုံစံကအေးဆေးလွန်းတာမို့ Luhanမမေးမိခဲ့ဘူး။
မနက်တိုင်း Sehun အိမ်ရှေ့ကဖြတ်လျှောက်တိုင်းမှာ
Sehunအိမ်ကအမြဲတမ်းတိတ်ဆိတ်ပြီး ညတိုင်းလည်း အမှောင်ကျနေခဲ့တယ်။Sehunကအိမ်မှာလည်းမရှိဘူး။ ကျောင်းကိုလည်း
မလာဘူး။- မင်းဘယ်ရောက်နေတာလဲ?-
စာမေးပွဲမစခင်မှာ Luhan စာတစောင်တော့ပို့ခဲ့မိပါတယ်။
နောက်တော့ ဆရာမက အခန်းထဲကိုဝင်လာခဲ့တယ်။
Luhanကဦးဆောင်ပြီး နှုတ်ဆက်ပြီးတဲ့အချိန်မှာတော့"ကဲ လူစုံကြပြီထင်တယ် ဖုန်းတွေအသံပိတ်မယ်
လွယ်အိတ် တွေ စာအုပ်တွေစားပွဲပေါ်မှာ မမြင်ချင်ဘူး
အတန်းခေါင်းဆောင် အဖြေလွှာတွေလာယူပါ""ဆရာမ……လူမစုံသေးပါဘူး Oh Sehunမလာသေးဘူး"
Luhanမတ်တပ်ရပ်ကာ ဆရာမကိုပြောလိုက်တယ်။ ထိုအခါမှဆရာမက အဖြေလွှာနဲ့မေးခွန်းတွေအပြင် ပါလာတဲ့စာရွက်တရွက်ကိုငုံ့ကြည့်ကာ
"ကျောင်းသားSehun ကဆေးခွင့်တင်ထားတယ် သူ
နောက်တပတ်မှအစားပြန်ဖြေလိမ့်မယ်"ဆေးခွင့်ဆိုတဲ့အသံကြားအပြီးမှာ Luhan စာမေးပွဲ
အမြန်ဖြေပြီးSehunအိမ်ကိုသွားဖို့စိတ်လောနေခဲ့ပါတယ်။"အတန်းခေါင်းဆောင် Sehunကအရမ်း
နေမကောင်းဖြစ်နေတာလား?"စာမေးပွဲပြီးတဲ့အချိန်မှာ NaNaက Luhanနားရောက်
လာပြီးထိုစကားကိုမေးခဲ့တယ်။ တတန်းလုံးကလည်း Luhan့အဖြေိုကိုပဲ ငဲ့လင့်နေကြပါတယ်။အမှန်တိုင်းပြောရရင် Kim NaNaက Luhan့ထက် Sehunအကြောင်းပိုသိသင့်တာမဟုတ်ဘူးလား?
Luhan စိတ်ကွက်သွားမိတယ်။Sehunဆေးခွင့်တင်ထားပါတယ်ဆိုတာကိုကြားပေမဲ့ NaNaပုံစံကဘာလို့စိတ်ပူနေတဲ့ပုံမပေါ်ရတာလဲ?
BẠN ĐANG ĐỌC
အချစ်ဆုံး.......အချစ်ဦး | အခ်စ္ဆုံး......အခ်စ္ဦး
Fanfictionအချစ်ဦး ကျွန်တော့်အတွက်တော့ သိပ်လှတဲ့ဖြစ်တည်မှုပဲ။ အချစ်ဦး ကျွန်တော့်အတွက်တော့ သိပ်လှတဲ့ဖြစ်တည်မှုပဲ။