အပိုင်းနှစ်ဆယ့်တစ် - မင်းကိုပဲ တဘဝလုံးစာမြတ်နိုးသွားပါ့မယ်

3.4K 558 71
                                    

အပိုင်းနှစ်ဆယ့်တစ် - မင်းကိုပဲ တဘဝလုံးစာမြတ်နိုးသွားပါ့မယ်

"အရှုပ်ကောင်"

အိမ်မက်လိုလို တကယ်လိုလို ဝိုးတဝါးအသိစိတ်ကနေ
မျက်စိရှေ့ရောက်နေသူက တကယ်Sehun ဖြစ်ပါတယ်
လို့ Luhan သိလိုက်ရချိန်မှာ အရှုပ်ကောင်ဟုသာ တွင်
တွင်ဆိုနေခဲ့တယ်။

တကိုယ်လုံးခိုက်ခိုက်တုန်အောင်ချမ်းနေသလို ကိုယ်အပူ
ချိန်ကလည်းကျမလာဘူး။ Sehunဖက်ထားပေးဖို့လုပ်
ပေမဲ့ အသိဝင်သွားတဲ့Luhanက Sehunကိုအနား
တောင်အကပ်မခံတော့ပါဘူး။

"ဟန်လေး"

"ငါ မင်းအသံမကြားချင်ဘူး"

အားနည်းစွာနဲ့လေသံတိုးတိုးလေးထွက်လာခဲ့ပေမဲ့ Luhan့အသံကမာန်ပါနေသေးတာမို့ Sehunက
ကုတင်ပေါ်ကထသွားရပြီး စာကြည့်စားပွဲရဲ့ခုံမှာ
ကုတ်ကုတ်လေးသွားထိုင်နေရှာတယ်။

ငြိမ်ငြိမ်လေးမှ တကယ့် ငြိမ်ငြိမ်လေး။ Luhanက
အသက်မရှုနဲ့ပြောရင် မရှုမဲ့အနေအထားမှာတောင်ရှိတဲ့
Sehunဖြစ်တယ်။

"မင်း ငါ့ကိုဘယ်လိုများမယုံနိုင်ရတာလဲ ?"

"အဲ့တုန်းကငါမူးနေလို့ပါ ငါလူအသိစိတ်မဟုတ်ဘူး
ငါရူးနေတာ"

"အဲ့ဒါဆို နောက် မင်းအရက်သောက်တိုင်း ငါ့ကို တွေ့ကရာလူနဲ့စွပ်စွဲနေတော့မှာလား ?"

"ဟန်လေး ငါ"

"မလာနဲ့ အဲ့မှာပဲထိုင်နေ"

တချက်လွှတ်အသံမှာ Sehun ကငြိမ်ငြိမ်လေးပြန်ထိုင်
သွားတယ်။ သူရူးခဲ့တာ သူမှားခဲ့တာသိတာပေါ့။

ဘယ်လောက်ပဲအနေဝေးပါစေ ၊ ဘယ်လောက်ပဲ
သူတို့ အဆက်အသွယ်ပြတ်ပါစေ ။ ဟန်လေးကိုမှ
သူစွပ်စွဲရက်ခဲ့တယ်။ အထင်မှားခဲ့ရက်တယ်။

နောက်တနေ့ မနက်လင်းလင်းချင်း သူ Genevaကို
ထွက်လာခဲ့ဖို့ပြင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းကအလုပ်
ကိစ္စတွေက Sehunကိုချည်တုတ်ထားခဲ့တယ်။ ပထမဆုံးအကြိမ် ကျောင်းတောင်ထွက်ချင်စိတ်ဖြစ်ခဲ့တာပါပဲ။

ဖြစ်ချင်ရာဖြစ်ဆိုပြီး ကိုယ်လွတ်ရုန်းထွက်လာတာတောင်
ခုနှစ်ရက်တိတိအချိန်တွေကလွန်နှင့်နေပြီ။ ကြားထဲမှာ
Luhanနဲ့လဲအဆက်အသွယ်မရတော့ Sehunရူးသွား
တော့မလိုပဲ။

အချစ်ဆုံး.......အချစ်ဦး    |  အခ်စ္ဆုံး......အခ်စ္ဦးDonde viven las historias. Descúbrelo ahora