အပိုင်းဆယ့်ရှစ် - လမ်းခွဲခြင်းမမည်ပေမဲ့

3.5K 563 43
                                    

အပိုင်းဆယ့်ရှစ် - လမ်းခွဲခြင်းမမည်ပေမဲ့

ည၁၁နာရီထိုးတဲ့အချိန်မှာ Luhanက အိမ်ကိုပြန်
ရောက်လာတယ်။

တအိမ်လုံးကမှောင်အတိကျနေပြီး Sehunအခန်းက
လည်းတိတ်ဆိတ်နေခဲ့တယ်။

Luhanအသံတသံတောင်မထွက်ဝံ့ပဲ ကိုယ့်အိပ်ခန်း
ထဲကိုတိုးတိုးတိတ်တိတ်ဝင်သွားခဲ့ပါတယ်။

တညနေနဲ့တညလုံး သူ ခြေဦးတည့်ရာလျှောက်သွား
နေခဲ့တာ။
စိမ်းသက်တဲ့နယ်မြေမှာ လမ်းတွေလည်းပျောက်ခဲ့တယ်။ ဆက်မသွားချင်လောက်အောင်ခြေထောက်တွေ
လည်းတောင့်ခဲ့တယ်။လမ်းလျှောက်ရင်းမျက်ရည်တွေ
ဖြိုင်ကျနေတဲ့Luhan့ကို လူတော်တော်များများ
လည်ပြန်ကြည့်ခဲ့ကြတယ်။

ဆက်တိုက်မြည်နေခဲ့တဲ့Sehunဆီကဖုန်းသံကို Luhanလျစ်လျူရှုခဲ့ပါသေးတယ်။

အဝတ်အစားလည်းမလဲနိုင်ပဲ အေးစက်နေတဲ့အိပ်ရာပေါ်မှာ Luhanတက်ခွေလိုက်တယ်။ အေးစိမ့်မှုက
တကိုယ်လုံးကိုစိမ့်တက်လာပေမဲ့ Luhanစောင်ခြုံ
လိုက်ဖို့စိတ်ကူးမရှိဘူး။ သူကနွေးထွေးမှုနဲ့မတန်
သလိုပဲ။

ခမ်းသွားပြီလို့ထင်ထားတဲ့မျက်ရည်တွေက ခေါင်းအုံးပေါ်ထိလိမ့်ဆင်းလာပြန်တယ်။ Luhanအသံမထွက်ရဲဘူး။ မျက်စိစုံမှိတ်ပြီးကြိတ်မှိတ်အိပ်တယ်။

သူ့မျက်ရည်တွေကကျနေတုန်းပဲ။

"ဘယ်တွေလျှောက်သွားနေတာလဲ ? "

စောင်တထည်သူ့ပေါ်ကိုလွှားကျလာပြီး တိုးတိတ်နေတဲ့အသံတခုLuhan့နားကနေထွက်လာတယ်။

Sehun က ကုတင်ပေါ်မှာ တင်ပလွှဲထိုင်နေပြီး နံရံ
ဘက်ကိုမျက်နှာမူလို့ ကျောခိုင်းထားတဲ့Luhanရဲ့
ပခုံးလေးကိုထိကိုင်ဖို့ပြင်တယ်။

ဒါပေမဲ့ လက်ကိုပြန်ရုတ်သွားတယ်။

"ငါ တညနေလုံးမင်းကိုလိုက်ရှာနေတာ ဖုန်းလေးတော့
ကိုင်သင့်ပါတယ်ကွာ"

-နောက်ဆို ငါ့နားကနေထွက်မသွားပါနဲ့ - Sehun
ထိုစကားကိုမပြောရဲခဲ့ဘူး။ သူမှားခဲ့ပြီလေ။ အနိုင်လို
ချင်တဲ့စိတ်တခုကြောင့်ရှေ့နောက်မစဉ်းစားပဲ သူပြော
လိုက်မိတာ။ Luhan့ကိုထိခိုက်စေမိပြီ။ Luhan
အထင်လွဲနိုင်တာပေါ့။ သူနားလည်တယ်။ အခန့်
မသင့်ရင် သူ့ကိုမုန်းတောင်မုန်းနိုင်သေးတယ်။

အချစ်ဆုံး.......အချစ်ဦး    |  အခ်စ္ဆုံး......အခ်စ္ဦးHikayelerin yaşadığı yer. Şimdi keşfedin