အပိုင်းလေး - မင်းအနားမှာရှိနေချင်တာ

4.9K 735 100
                                    

အပိုင်းလေး - မင်းအနားမှာရှိနေချင်တာ

"ဘေးကလူကြည့်ရင်တော့ နင် Luhan့နားအရမ်း
ကပ်နေတာပဲ ဟိုကအဖက်မလုပ်သလောက်"

NaNa ပြောလိုက်တဲ့စကားကြောင့် Sehun သောက်
လက်စအချိုရည်တောင် အချိုပေါ့သွားသလို ခံစားရတယ်။

အဖက်မလုပ်ပါဘူးဆိုတဲ့စကားကြောင့်အပြင် သူ့ကြောင့်
Luhanစိတ်ညစ်နေပြီလားဆိုတဲ့ စိုးရိမ်စိတ်က
လည်းပါသေးတယ်။

စိတ်ညစ်ပါစေတော့ဆိုပြီး ကျောင်းသွားတိုင်းနောက်က
တကောက်ကောက်လိုက်တာမဟုတ်သလို စာသင်ချိန်
အားတဲ့အချိန်တွေမှာလည်း စကားသွားပြောတာ
မဟုတ်ရပါဘူး။

ဒီအတိုင်းဆို နေ့လည်သင်္ချာသင်တာတောင် မသင်ပေးနဲ့
တော့လို့ပြောလိုက်ရင်ကောင်းမလား? လို့ တွေးမိ
သည်အထိပဲ။

Luhan့ဘက်က သူ့ကိုအလိုက်အထိုက်ဆက်ဆံပေး
ပါတယ်။ စာနားမလည်ဘူးဆိုလည်း နားလည်အောင်
ရှင်းပြပေးတယ်။ သူမဟုတ်လဲ တခြားတစ်ယောက်ဆိုလဲ Luhanကအားတက်သရောကူညီရှာတယ်။

အားကစားကွင်းကိုသန့်ရှင်းရေးလုပ်တော့လည်း ပြော
ထားတဲ့အတိုင်းကူညီပေးပါတယ်။ ဆိုရာ လို့ခေါ်တဲ့
အတန်းထဲကကောင်မလေး အမှိုက်အတူတူသွား
ပစ်ဖို့ခေါ်တော့လည်းလိုက်သွားတာပဲ။

တွေးကြည့်မယ်ဆိုရင် Luhanက သူမှမဟုတ်
အားလုံးကိုပုံမှန်ဆက်ဆံနေကျအတိုင်း တပြေးညီ
ဆက်ဆံနေတာပါပဲ။

သူကသာ Luhan့ရဲ့ကိုယ်ပိုင်ဘဝထဲကို ခဏခဏ
ဝင်ဖို့ကြိုးစားတဲ့သူဖြစ်နေပြီလား?

"Sehun??? ငါပြောတာကြားလား?"

"အမ်……ဘာလဲ ဘာပြောတာ"

NaNaက အလိုမကျစွာဖြင့် မျက်မှောင်ကျုံ့လိုက်
တယ်။ နှုတ်ခမ်းလေးဆူပြီးနှာခေါင်းပါအဆစ်ရှုံ့ပြ
လိုက်တာကြောင့်ချစ်စဖွယ်ဖြစ်သွားတဲ့မျက်နှာအမူအရာက Sehunကိုပြုံးသွားစေပါတယ်။

"အမလေးကွာ ရုပ်ဆိုးလိုက်တာ ကဲပြော
ဘာလိုချင်လို့လဲ?"

အချစ်ဆုံး.......အချစ်ဦး    |  အခ်စ္ဆုံး......အခ်စ္ဦးDonde viven las historias. Descúbrelo ahora