အပိုင်းရှစ် - ကြိုသိခဲ့ရင်

4.5K 714 29
                                    

                    အပိုင်းရှစ် - ကြိုသိခဲ့ရင်

ပါးစပ်ကနေသာ မလုပ်ပေးချင်ဘူးပြောပြီး မျက်နှာအမူအရာကလည်းမနှစ်သက်တဲ့အကြောင်းပြနေပေမဲ့ LuhanကအခုSehunအိမ်ရဲ့မီးဖိုခန်းထဲမှာ ကြက်ဥလိပ်
ကြော်ဖို့ ကြက်ဥခေါက်နေပြီဖြစ်တယ်။

Sehunကမနက်ဈေးသွားရင်လိုက်ခဲ့ပေးမယ်ပြောပေမဲ့
Luhanကအလိုက်မခံပဲ လိုအပ်တာတွေဝယ်ခြမ်းပြီး
အိမ်ကိုရောက်ချလာတာဖြစ်ပါတယ်။

အကြောင်းကတော့ Oh Sehunဈေးပါလိုက်လာရင်
စားချင်တာတွေထပ်တိုးလာမှာစိုးလို့ပါပဲ။

"Luhan ပေါ့ပေါ့လေးကြော်နော်။ ငါလေးတာသိပ်
မစားဘူး"

အကြည့်တချက်ပဲလွင့်လာတယ်။ ကြက်ဥခေါက်တာ
ဓားလိုသလားမသိပေမဲ့ ဓားတချောင်းလဲလက်ထဲမှာ
ကိုင်ထားတော့Sehunပါးစပ်ပိတ်သွားပါတယ်။

Luhanကတယောက်တည်းချက်ပြုတ်နေတဲ့နောက်
ငြိမ်ငြိမ်လေးမနေနိုင်တော့တဲ့ Sehunက မီးဖိုနားကပ်
လာပြီးLuhan့ဘေးနားလာရပ်တယ်။

ကူညီပေးလဲ နှောင့်ယှက်ရာပဲဖြစ်မှာကို Sehun ကြို
သိနေတော့တိတ်တိတ်လေးပဲ Luhanဟင်းချက်နေတာကိုငေးကြည့်တယ်။

နှုတ်ခမ်းတွေပြုံးမနေပေမဲ့ ကြည့်တတ်ခဲ့တဲ့ Sehun
ကသိတယ်။Luhan့မျက်လုံးတွေကိုကြည့်ပြီး Luhan
ဘယ်လောက်ကျေနပ်နေသလဲဆိုတာကို။

"ကိုယ်လုပ်ချင်တဲ့အလုပ် လုပ်နေရရင် လူတိုင်း
ကကျေနပ်ကြတယ်မလား? ဘေးကကြည့်နေတဲ့သူ
အတွက်လည်း အဲ့လူပုံစံကဆွဲဆောင်မှုရှိလွန်းတယ်"

Luhanက Sehunစကားပြောနေတာကို တချက်သာ
ဝေ့ကြည့်ပြီး ဘာစကားမှဆက်မပြောတော့ သူ့အလုပ်
သူဆက်လုပ်တယ်။

Sehunကတော့ လျစ်လျူရှုခံရလည်းလက်မလျှော့တတ်။

"မင်းကဟင်းချက်နေရင် ကြည့်လို့အကောင်းဆုံးပဲ "

"Oh Sehun ငါနားငြီးလာပြီ"

"တကယ်ပြောတာ။ စားဖိုမှုး Luhan သိပ်ခေါ်ကောင်း
တဲ့နာမည်နော်"

အတင်းကာရောငြင်းတာဆိုတာတွေမလုပ်တော့ပဲ
ကိုင်ထားတဲ့ဓားကိုချပစ်ပြီး မျက်နှာချင်းဆိုင်လှည့်လာတဲ့အခါ Sehunလည်းပြုံးနေမိတဲ့မျက်နှာကိုတည်လိုက်
ရတယ်။

အချစ်ဆုံး.......အချစ်ဦး    |  အခ်စ္ဆုံး......အခ်စ္ဦးDonde viven las historias. Descúbrelo ahora