အပိုင်းတစ်ဆယ် - မင်းကအရေးကြီးဆုံး
Sehun က အဖြေပြန်မပေးခဲ့သလို Luhan လည်းဘာမှဆက်မပြောခဲ့ဘူး။
ထုံးစံအတိုင်း သူတို့ ကျောင်းကနေ အိမ်ကိုအတူပြန်ဖြစ်
ကြတယ်။နောက်တော့ နှုတ်မဆက်ပဲ ကိုယ့်အိမ်ထဲကို အသီးသီးဝင်ခဲ့ကြတယ်။နာရီတွေကသွားတာနှေးလွန်းတယ်။ မနက်ရောက်ဖို့
အချိန်တွေကြာလွန်းတယ်။တညလုံး Sehunဘက်က ဖုန်းမဆက်သလို Luhan
ကလည်းစာတစောင်တောင်မပို့မိဘူး။Luhan့အိပ်ခန်းထဲကနေ မြင်ရတဲ့ Sehunတို့အိမ်က
ညဘက်မှာပိုအမှောင်ရိပ်သမ်းနေတယ်။Sehunအိမ်မှာမရှိတာ ဖြစ်ရင်ဖြစ် မဟုတ်ရင် သူ
အမှောင်ထဲငုတ်တုတ်ထိုင်နေတာပဲဖြစ်ရမယ်။ခေါ်သူမဲ့တဲ့ဖုန်းငယ်ကို Luhan ခဏခဏစောင်း
ငဲ့ကြည့်မိတယ်။- ညတာတွေက မလိုအပ်ပဲသိပ်ရှည်လျားလွန်းပါတယ်။
အိပ်မရခဲ့တဲ့ညဖြစ်လို့ Luhan မနက်အစောကြီးမထ
နိုင်တော့ဘူး။ မေမေပဲမနက်စာပြင်လိုက်တယ်ထင်တယ်။ မီးဖိုခန်းထဲမှာ အသံတွေကြားနေရတယ်။Luhan ကျောင်းယူနီဖောင်းကို ကောက်ဝတ်ပြီး မနေ့ကညနေကျောင်းကပြန်လာတုန်းက ဒီတိုင်းပစ်ချထားခဲ့တဲ့ လွယ်အိတ်ကိုကောက်လွယ်တယ်။ အချိန်ဇယားအတိုင်းစာအုပ်စီထည့်ချင်စိတ်လဲမရှိတော့ဘူး။အတန်းဝင်မဲ့ဆရာ သို့ ဆရာမရဲ့ စာအုပ်မပါလာလျှင် ဘတ်စကတ်ဘောကွင်းထဲပဲ သွားထိုင်နေလိုက်တော့မယ်လို့
Luhanတွေးလိုက်တယ်။"သား သားငယ်ကိုသွားနှိုးပေး"
"ဟုတ်ကဲ့ အန်တီ"
အခန်းတံခါးလက်ကိုင်ကိုဆုပ်ကိုင်ထားတဲ့Luhan့
လက်တွေအေးခဲသွားတယ်။ ရင်းနှီးနေတဲ့လေသံက
သူ့အောက်နှုတ်ခမ်းပါးကိုအသာကိုက်မိစေတယ်။
ခြေသံတချို့ အခန်းတံခါးနားကပ်လာတဲ့အခါမှာတော့ Luhanအခန်းတံခါးကိုဆွဲဖွင့်လိုက်တယ်။Sehunက အခန်းထဲကထွက်လာတဲ့Luhan့ကိုမြင်တဲ့အခါ နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလာတယ်။ Luhanကတော့
ကော့ညွှတ်တက်သွားတဲ့သူ့နှုတ်ခမ်းထောင့်စွန်းတွေကို Sehunမမြင်အောင်ပြန်ဝှက်သိမ်းထားလိုက်တယ်။
VOCÊ ESTÁ LENDO
အချစ်ဆုံး.......အချစ်ဦး | အခ်စ္ဆုံး......အခ်စ္ဦး
Fanficအချစ်ဦး ကျွန်တော့်အတွက်တော့ သိပ်လှတဲ့ဖြစ်တည်မှုပဲ။ အချစ်ဦး ကျွန်တော့်အတွက်တော့ သိပ်လှတဲ့ဖြစ်တည်မှုပဲ။