အချစ်ဆုံး.........အချစ်ဦး

5.8K 689 155
                                    

အချစ်ဆုံး.........အချစ်ဦး

Graduation Party ကို Luhanက Sehun
ခေါ်တာနဲ့ပဲပါသွားတော့တယ်။ တချို့တလေကလည်း
သူတို့ရဲ့ ကောင်မလေးတွေ ၊ သူငယ်ချင်းတွေခေါ်လာ
ကြတာမို့ စားပွဲမှာ Luhan တယောက်တိုးလာတာ
သိပ်မသိသာလှဘူးပဲ။

ဘွဲ့ရပြီးကာစ လူငယ်လေးတွေရဲ့ ဂုဏ်ပြုညစာစားပွဲက
အိပ်မက်တွေနဲ့သစ်နေတယ်။ အစိုးရအလုပ်လုပ်မဲ့သူတွေ
ပြင်ပမှာ ရှေ့နေအဖြစ် အသက်မွေးမဲ့သူတွေ ၊ တရား
သူကြီးဖြစ်ဖို့အတွက် ထပ်ကြိုးစားကြမဲ့သူတွေ ။ သူတို့
တွေရဲ့ စကားတွေကပြောမကုန်နိုင်သလောက်ပဲ။

Sehunကလည်း သူ့သူငယ်ချင်းတချို့နဲ့စကားစမြည်
ပြောရသေးတာမို့ Luhanက ထောင့်မှာထိုင်နေပြီး
အရက်တခွက်နဲ့ငြိမ်နေခဲ့တယ်။

သူမတူအောင်တည်တည်ငြိမ်ငြိမ်နဲ့ သူဆက်လုပ်မဲ့
ကိစ္စတွေကို လေးလေးနက်နက်ပြောနေတဲ့ Sehunပုံစံ
ကLuhan သိပ်မရင်းနှီးတဲ့ပုံစံပဲ။ ဒါလည်းပဲ သဘောကျ
ရတယ်။

သူတို့အတူရှိနေခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူးပဲ။
Sehunဆီမှာရှိသမျှပုံစံတိုင်းကလည်း Luhanသဘော
ကျရတဲ့ပုံတွေပါပဲ။

"ကြားရတဲ့သတင်းတွေကမှန်နေတာပဲနော် "

ရုတ်တရတ် သူ့နားကိုရောက်လာပြီး ရင်းနှီးသယောင်နဲ့
စကားတွေပြောလာတာ မိန်းကလေးတစ်ယောက်ဖြစ်
တယ်။ အရက်တော်တော်များများဝင်ထားပုံရတဲ့ထို
မိန်းကလေးက Luhan့ကို ခနဲ့ပြုံးနဲ့ကြည့်နေခဲ့တယ်။

"ကျွန်တော် ညီမနဲ့သိလို့လား ?"

"တို့နဲ့ Sehunကတခန်းတည်းသားပါ။ ရှင် ညီမလို့
ခေါ်စရာမလိုဘူးထင်တာပဲ"

Oh Sehunရေ မင်းအရှုပ်ပဲလို့ Luhan ခပ်ငြီးငြီး
တွေးလိုက်မိသေးတယ်။ ဒီတယောက်ကလဲ Sehun
ငြင်းပစ်ခဲ့တဲ့တယောက်ပဲနေမှာပေါ့။ သိပ်ကြွားတတ်
တဲ့ သူ့ရည်းစားကောင်ကို လိုက်ကြိုက်တတ်တဲ့
ကောင်မလေးတွေအကြောင်း Luhan ကြားသိခဲ့တာ
ကြာပေါ့။

အရေးမပါလှတာကြောင့် Luhan အကြည့်လွှဲလိုက်ပြီး
ဝီစကီတငုံမော့သောက်တယ်။

သိသိသာသာ လျစ်လျူရှုခံလိုက်ရတဲ့ ကလေးမက
Luhan့ဘေးနားမှာထိုင်ရင်း ဒေါသအလျောက်
အသက်ရှုသံတွေမြန်နေခဲ့ပါရဲ့။

အချစ်ဆုံး.......အချစ်ဦး    |  အခ်စ္ဆုံး......အခ်စ္ဦးWhere stories live. Discover now