အချပ်ပို (ဂ) - ငါတို့ တကယ့်ကိုအချိန်တွေအများကြီး အတူတူရှိနေခဲ့ပြီးတာပဲ
လက်ထပ်ပြီးလို့ ဆယ်နှစ်ပြည့်တဲ့နှစ်မှာ Sehunက လက်ရှိလုပ်နေတဲ့ Law Firmကနေ ထွက်ပြီး သူတို့အထက်တန်းကျောင်းတက်ခဲ့တဲ့ နယ်မြို့လေးဆီပြန်သွားဖို့လုပ်တယ်။
"လိုက်မယ်မလား ငါနဲ့"
ဖက်ထုပ်လုပ်ဖို့ဂျုံနယ်နေတဲ့Luhanက Sehunကိုဘယ်လိုမေးလိုက် တာလဲ ဆိုတဲ့အကြည့်မျိုးနဲ့။ ဆိုင်က Luhan ဦးစီးပြီးမဖွင့်ရင်တောင် အတည်တကျလည်ပတ်နေနိုင်တဲ့အခြေအနေတစ်ခုမှာရှိနေပြီ။
အဲ့တော့ ဘာစဉ်းစားနေစရာလဲ ? အထုတ်ပြင်ပြီး Sehunနောက် လိုက်ရုံပဲပေါ့။
သူတို့ထွက်မသွားခင်မှာ မိဘတွေဆီသွားခဲ့ကြသေးတယ်။ သန်သန်မာမာမဟုတ်တော့ပေမဲ့ ကျန်းမာရေးကောင်း ဆဲ မိဘတွေက အလုပ်တွေရပ်လို့ အေးအေးလူလူနေကြတော့မယ်ဆိုတဲ့ သူတို့ နှစ်ယောက်ကို
"မင်းတို့အသက်လေးကဘယ်လောက်ရှိသေးလို့ အနားယူရတာလဲ ပြောစမ်းပါဦး"
Sehunနဲ့Luhanတို့ပြုံးရုံပဲပြုံးပြီး မိဘတွေဆူသမျှ ပူသမျှ ကလေး လေးတွေလိုနာခံခဲ့ကြတယ်။ နောက်တော့လဲ ကိုယ်စီဘဝတွေနဲ့ နေလာတာကြာနေပြီဖြစ်တဲ့သူတို့ကိုခွင့်ပေးလိုက်ရတာပဲ။
နယ်မြို့လေးက အရင်လိုတော့မဟုတ်တော့ဘူး။ အဆောက်အဦ မြင့်တွေများလာခဲ့ပြီ။ ဒါပေမဲ့လဲ အမှတ်တရတွေများတဲ့နေရာမို့ ခြေချလိုက်တာနဲ့ရင်ထဲနွေးကျန်ခဲ့ရတာပေါ့။
"ဒါနဲ့ ငါတို့ဘယ်မှာနေကြမှာလဲ "
Luhanရဲ့အမေးစကားကြားရတော့Sehunကရယ်တယ်။
လွန်ခဲ့တဲ့ခြောက်နှစ်က ပရောဂျက်တွေလုပ်တာကြောင့် Sehun နဲ့ Luhanတို့အရင်နေခဲ့တဲ့နေရာတွေမှာ အကုန်တိုက်တွေဖြစ်ကုန် ပါတယ်။ ဒါပေမဲ့ သတင်းကြားလိုက်တဲ့Sehunက ဈေးမြင့်မြင့် ပေးပြီးပြန်ဝယ်လိုက် တဲ့အတွက် တိုက်တွေကြားမှာ Sehunနဲ့Luhan တို့ မျက်နှာချင်းဆိုင်အိမ်လေး၂လုံးသာငုတ်တုတ်လေး။ တိုက်တွေ ကြားက အဲ့အိမ်နှစ်လုံးက tourist attractionဆိုပြီးတောင် နာမည်ကြီးနေလိုက်သေးတယ်။
YOU ARE READING
အချစ်ဆုံး.......အချစ်ဦး | အခ်စ္ဆုံး......အခ်စ္ဦး
Fanfictionအချစ်ဦး ကျွန်တော့်အတွက်တော့ သိပ်လှတဲ့ဖြစ်တည်မှုပဲ။ အချစ်ဦး ကျွန်တော့်အတွက်တော့ သိပ်လှတဲ့ဖြစ်တည်မှုပဲ။