အပိုင်းဆယ့်ငါး - မင်းရှိဖို့ပဲလိုတယ်
စက္ကန့်တိုင်း မိနစ်တိုင်းမှာ မင်းနဲ့အတူတူ~
မတွေးကြည့်ဖူးဘူး။ မိသားစုပြီးရင် ကိုယ် တကယ်
မြတ်နိုးတန်ဖိုးထားရမဲ့ နောက်လူတစ်ယောက် Sehun ဘဝထဲမှာပေါ်လာလိမ့်မယ်လို့လေ။လက်တကမ်းစာလောက်အကွာအဝေးမှာ ငြိမ်ငြိမ်သက်
သက်လေးအိပ်မောကျနေတဲ့ Luhanကို မျက်မြင်
တွေ့နေရတဲ့တိုင် ဒါတွေဟာအိပ်မက်လို့ထင်နေတုန်းပဲ။မြတ်နိုးတယ်။ မြတ်နိုးတယ်။ ဆထက်ပိုမြတ်နိုးတယ်။
"ဘယ်တုန်းတည်းကနိုးနေတာလဲ?"
မျက်လုံးမဖွင့်ပဲနဲ့ ရုတ်တရတ်ကြီး Luhan ပြောလာပေမဲ့ Sehunလန့်မသွားမိဘူး။ မှေးစင်းကျနေတဲ့ မျက်ခွံတွေရဲ့အဆက်ဖြစ်တဲ့မျက်တောင်ရှည်တွေကို လက်နဲ့အသာထိမိတယ်။
ဒီမျက်တောင်တွေ ဘယ်လောက်ထိ ရှည်လာဦးမှာလဲ
Sehun သိချင်သွားတယ်။"ဟန်လေး…"
"အင်း"
"ငါ မင်းကို ခဏလေး နမ်းချင်တယ်"
တစက္ကန့်တောင်မဆိုင်းပဲ ပွင့်လာတဲ့ Luhan့
မျက်လုံးတွေကSehun ကို ခပ်စူးစူးစိုက်ကြည့်နေ
သလိုပဲ။ဒါပေမဲ့ Sehun က ပြုံးပြလိုက်တယ်။
ဒီလိုမနက်ခင်းလေးမှာ ဒီကောင်လေးရဲ့ နှုတ်ခမ်းကိုမှ
မနမ်းလိုက်ရင် Sehun တနေကုန်ကံဆိုးတော့မလိုချည်း ခံစားနေရတယ်။"ဟင်လို့"
"မရဘူး"
ကိုယ်ကို တဖက်လှည့်ကာ Sehun ကိုကျောခိုင်းတော့
မည့်ဟန်ပြင်နေတဲ့ Luhan့ကို မေးဖျားလေးကနေဆွဲ
လှည့်ပစ်လိုက်တယ်။မထင်မှတ်ထားတာမို့ Luhan့မျက်နှာလေးက တအံ့
တသြSehun ပြုံးလိုက်ပြန်ပြီး မေးဖျားလေးကိုပင့်တင်ထား
လျက်မှအနားကိုထပ်တိုးလို့ကပ်သွားလိုက်ပါတယ်။မျက်နှာနှစ်ခုပိုပြီးနီးကပ်လာတဲ့အချိန်မှာမှေးမှိတ်ကျ
သွားတဲ့ Luhan့မျက်ခွံလေးတွေကို အလျင်ဆုံးနမ်း
လိုက်တယ်။
YOU ARE READING
အချစ်ဆုံး.......အချစ်ဦး | အခ်စ္ဆုံး......အခ်စ္ဦး
Fanfictionအချစ်ဦး ကျွန်တော့်အတွက်တော့ သိပ်လှတဲ့ဖြစ်တည်မှုပဲ။ အချစ်ဦး ကျွန်တော့်အတွက်တော့ သိပ်လှတဲ့ဖြစ်တည်မှုပဲ။